အမေရိကန်စစ်ဘက်ဆိုင်ရာလေယာဉ်တစ်စင်းပျက်ကျ၍၁၆ဦးသေဆုံး

အမေရိကန်စစ်ဘက်ဆိုင်ရာလေယာဉ်တစ်စင်းဟာ တနင်္လာနေ့ ဒေသစံတော်ချိန်၁၆းဝ၀(GMT ၂၁းဝ၀)မှာပျက်ကျခဲ့ပြီး ၁၆ဦးသေဆုံးခဲ့ပါတယ် ဒီလေယာဉ်ဟာမစ္စစ္စပီပြည်နယ်ရဲ့တောင်ဘက်မှာပျက်ကျခဲ့တာပါ

ဒီပျက်ကျမှုဖြစ်စဉ်ဟာပြည်နယ်မြို့တော်jacksonရဲ့မြောက်ဘက်မိုင်၁ဝဝအကွာကLefloreနယ်နမိတ်မှာဖြစ်ပွားခဲ့တာပါ မရိန်းတပ်ဖွဲ့ဝင်၁၆ဦးစလုံးသေဆုံးခဲ့တယ်လို့ Lafloreဒေသရဲ့အရေးပေါ်စီမံခံ့ခွဲမှုဒါရိုက်တာFred Randleကပြောပါတယ် မစ္စစ္စပီမြို့တော်ဝန်Phil Bryantကဒါဖြစ်ရပ်ဟာကံဆိုးမိုးမှောင်ကျတဲ့ဖြစ်ရပ်လို့ဆိုခဲ့ပါတယ် ဒေသခံမီးသတ်တွေက လေယာဉ်မှဆီများဂါလံ၄ဝဝဝခန့်ယိုဖိတ်ပြီး အပြင်းထန်ပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ပြောပါတယ်

လေယာဉ်ပျက်ကျမှု့နဲ့ပတ်သက်လို့အသေးစိတ်သတင်းတွေတရားဝင်ချက်ခြင်းထုတ်ပြန်ခြင်းမရှိသေးမယ့် မရိန်းတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကပ္ပတိန်Sarah Burnsက Us Marine KC 130 Herculesသယ်ဆောင်ရေးလေယာဉ်လို့ပြောပါတယ်

သတင်းအရင်းမြစ် BBC

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။