ပရိသတ်ကြီးရေ ဟာသသရုပ်ဆောင် နေလင်းကတော့ ကိုဗစ်ရောဂါ ကူးစက်ခံထားရတာကြောင့် ဧရာဝတီကိုဗစ်စင်တာမှာ ဆေးကုသမှုခံယူနေတာ ဖြစ်ပါတယ်။ ဆေးကုသမှုခံယူနေတာဟာ ရက်ပိုင်းပဲရှိသေးပြီး အစစအရာရာဂရုတစိုက် ကူညီပေးတဲ့ မိတ်ဆွေ၊ သူငယ်ချင်းတွေကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ကျေးဇူးတင်စကားကို ရေးသားဖော်ပြလားခဲ့ပါတယ်။"မူလအစပထမ ကျေးဇူးတင်ရမယ့်သူကတော့ ဘာပဲလိုလို ရန်ကုန်လမ်းညွှန် သူငယ်ချင်းပြေတီဦး အနောက်ပြန်အနံ့ပျောက်လို့ မက်ဆေ့ချ်လေးတစ်စောင် ပို့လိုက်တာကနေစလို့ခု ဒီဧရာစင်တာထိရောက်အောင် အညွှန်းကောင်းကောင်းနဲ့ကူညီလိုက်တာ P ဖြစ်ပြီး Qသွားတဲ့အထိပါပဲ ....

Photo Credit - Nay Linn fb account
Photo Credit - Nay Linn fb account

ဒုတိယတစ်ယောက်ကတော့ ညိုမင်းလွင် ကျွန်တော်ဘာပုံတင်တင် QသွားပြီလားတQ Qနဲ့သူရဲ့Comment တွေကလည်းအတင်းကိုတွန်းပို့လွန်းအားကြီးပါတယ်...... ဒါပေမယ့် တကယ်လည်း သတင်းကြားရော သူမနေနိုင်တော့ဘူး စိတ်ပူပြီချက်ချင်းဖုန်းဆက်လာပါတော့တယ်...... ဘာလိုသလဲ ဘာလုပ်ပေးရမလဲပေါ့ ကိုယ်ကလည်းငယ်ပေါင်း သူ့အကြောင်းသိထားတော့ တခြားဟာတွေမှာရင် ကိုယ်သာအိမ်ပြန်ရောက်လို့ ကိုဗစ်သာပြီးဆုံးသွားမယ် လိုတာရောက်မှာမဟုတ်ဖူး အယ့်တော့ ကိုယ်လည်းကြုံတုန်း ဒါမျိုးမလွတ်ကောင်းတွေးကာ ဖုန်းဘေလေးပဲထည့်ပေးပါကွာလို့ အောက်သံလေးနဲ့မြူလိုက်တာ ဖုန်းဘေ 10000 ပက်ကနဲဝင်လာတယ်ဗျာ ဒါ ဘဝမှာ ညိုမင်းလွင်ကို ကိုဗစ်နဲ့ကပ်နိုင်ခဲ့တာအမှတ်တရပါပဲ .....

Photo Credit - Nay Linn fb account
Photo Credit - Nay Linn fb account

ဂျီကျသမျှ ပို့ပေးနေသော သူငယ်ချင်း Gim Akရယ် ကိုစိုင်းရယ် ကျွန်တော်နဲ့ကိုလင်းအတွက် အသီးအနှံတွေပို့ပေးသော ကိုဝင်းကြည် လိုတာပြောအားမနာနဲ့ဆိုပြီး လိုတာကနည်းနည်းကိုအများကြီး ပိုလျှံပြည့်စုံအောင်အဝတ်အစား အဟာရ၊ ဆေးဝါး ၊ ဘုရားရှိခိုးပုတီးစိတ်ဖို့ထိ စလည်ဆုံးအကုန်စီစဉ်လာသော ညီလေး ဘင်း ညီမလေးနှိုင်းယှဉ် ခံတွင်းပျက်မှာဆိုးလို့ အရသာကောင်းပြီး အခုနာမည်အရမ်းကြီးနေသောသီးနှံစုံ အချဉ်ဘူးပို့ပေးသော ချစ်စနိုးဦးမောင်လေး ညီလေးမင်းသူနှင့်တကွ ဧရာစင်တာမှတာဝန်ရှိသူများ....

P မိတ်ဆွေများ ဘော်လန်တီရာများ ‌ဆရာဝန်များ ဆေးဝန်ထမ်းများအမြဲကူညီဖို့အသင့်ဖြစ်နေသောကိုပန်းသီးနဲ့မခိုင် သတင်းမေးအားပေးကြသောမိတ်ဆွေများရဲ့ပို့သသောမေတ္တာစေတနာတို့ကြောင့် စိတ်ချမ်းသာ ကိုယ်ကျန်းမာလျက်ပါ ခင်ဗျာ အော် ပီးတော့ PPE ဝတ်စုံအောက်က သူ့မရဲ့မျက်ဝန်းတစုံကလည်း ကျွန်တော်ရဲ့ကိုဗစ်နေ့ရက်များကိုခွန်အားဖြစ်စေခဲ့ပါတယ်" ဆိုပြီး ရေးသားဖော်ပြထားပါတယ်။ ပရိသတ်တွေလည်း ရောဂါကူးစက်ခံထားရတဲ့ နေလင်းကို ကျန်းမာရေး မြန်မြန်ကောင်းမွန်အောင် မွန်အောင်တောင်းပေးလိုက်ပါဦးနော်..။

Photo Credit - Nay Linn fb account
Photo Credit - Nay Linn fb account

Photo Credit - Nay Linn fb account

Source - Nay Linn fb account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။