အများစုက လက်ရှိအသက်ထက် ငယ်ရွယ် နုပျိုချင်ကြပါတယ်။ ဒီလို နုပျိုဖို့ အတွက်လည်း ဂရုစိုက် နေထိုင်ကြပါတယ်။ ကိုယ့်ထက် ကြီးတဲ့သူက ကိုယ့်ကို အမလို့ ခေါ်လိုက်ရင်ဖြင့် နည်းနည်းလေးတော့ စိတ်ကသိကအောင့် ဖြစ်တတ်ပါတယ်။ ဒီလိုတွေ မဖြစ်ရလေအောင် ကိုယ်ဘာတွေ သိထားသင့်လဲ … ဘယ်အချက််တွေ ဆင်ခြင်သင့်သလဲ …အမှုမဲ့ အမှတ်မဲ့ နေလိုက်ခြင်းဖြင့် ယခုလက်ရှိ အသက်ထက် ပိုကြီးတယ်လို့ ထင်သွားနိုင်လား … စသည့်ဖြင် လေ့လာနိုင်ဖို့အတွက် အောက်ပါ အချက်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

၁) ဖလန်ထည်များ (Tweed Cloth)၊ သိုးမွှေးထည်များ ဝတ်ဆင်ခြင်း။

ရာသီဥတု ကြောင့်ပဲဖြစ်ဖြစ်၊ စတိုင်လ်ထုတ်ချင်လို့ဖြစ်ဖြစ် ဖလန်ထည်များ ကို အနွေးထည် (သို့) အပေါ်ထပ်တစ်ခု အနေဖြင့် ဝတ်ဆင်တတ်ကြပါတယ်။ ဖလန်ထည် ဒီဇိုင်းများကို ရွေးချယ် မမှားဖို့ တိုက်တွန်းချင်ပါတယ်။ ရင်ကွဲ သိုးမွှေးအကျင်္ ီများ ဝတ်ဆင်ခြင်းကိုလည်း ရှောင်ရှားသင့်ပါတယ်။ ဖလန်ထည် အများစုက ခပ်ပွပွ စတိုင်လ် ဖြစ်တာကြောင့် သင်နဲ့ လိုက်ဖက်တဲ့ ဖလန်ထည်ကို ရွေးပါ။ သို့မဟုတ် အနွေးထည် အတွက်ဆိုရင်တော့ leather ဖြစ်ဖြစ်၊ Jacket တစ်ခု ဖြစ်ဖြစ် ရွေးချယ်ခြင်းက ပို သင့်တော်ပါလိမ့်မယ်။

၂) စာကြည့်မျက်မှန် တပ်ခြင်း။

မျက်လုံးပါ၀ါ အားနည်းတာကြောင့် စာကြည့်မျက်မှန်ကို အသုံးပြုတတ်ကြပါတယ်။ စာကြည့်မျက်မှန် ဒီဇိုင်းက လူကို အနည်းငယ်မျှ ရင့်ကျက်ပြီး အသက်ကြီးတဲ့ပုံံ ပေါ်ပါတယ်။ ဒါ့ကြောင့် အခုခေတ် လူငယ်အများစုက မျက်လုံးပါ၀ါ အတွက်ရော၊ အလှအတွက်ပါ မျက်ကပ်မှန်တွေ သုံးနေကြပါတယ်ဆိုတာ သတိထားသင့်ပါတယ်။

၃) ဆံပင် ဖြူနေခြင်း။

မျိုးရိုးဗီဇကြောင့် ဖြစ်ဖြစ်၊ အသက်အရွယ်ကြောင့် ဖြစ်ဖြစ် ဆံပင် ဖြူနေခြင်းကို အရောင်ဆိုးပစ်ပါ။ အမဲ မဆိုးချင်ရင်လည်း ဆံပင်ဖြူကို ဖုံးနိုင်မဲ့ အရောင်ဆိုးပါ။ ဆံပင်အဖြူ မရှိခြင်းကလည်း သင့်ကို ငယ်ရွယ်နုပျိုစေမှာပါ။

၄) ရိုးရှင်းလွန်းသော ဖိနပ်များစီးခြင်း။

ဖိနပ်ဝတ်ဆင်ရာမှာ ရိုးရှင်းလွန်းသော slipper ဖိနပ်၊ သက်တောင့်သက်သာ ဖြစ်လွန်းသော ဖိိနပ်ကို စီးခြင်းက သင့်ရဲ့ စတိုင်လ်ကို ထိခိုက်စေပါတယ်။ ဒါ့ကြောင့် ကိုယ့်အသက်အရွယ်နဲ့ သင့်တော်တဲ့ ဖိနပ်၊ လူငယ်ဆန်တဲ့ ဖိနပ်မျိုးကို ရွေးချယ်ဖို့ တိုက်တွန်းချင်ပါတယ်။

၅) ဂျင်းဘောင်းဘီ အပွများ၊ ခေါင်းလောင်းဘောင်းဘီများ ဝတ်ခြင်း။

ဘောင်းဘီရော၊ အကျင်္ ီကိုပါ မကျပ်လွန်း၊ မပွလွန်းတာကို ဝတ်ဆင်ပါ။ ခေတ်နဲ့ အညီ ဝတ်စားဆင်ယဉ်ပါ။ အိမ်မှာနေရင်း ဝတ်တာ ကိစ္စမရှိပေမဲ့ အပြင်သွားရင်တော့ လှလှပပ ဝတ်ပါ။ ပွလွန်းတဲ့ အဝတ်အစားကို ဝတ်ဆင်ခြင်းက သင့်ရဲ့ အသက်ကို ပိုပြီးကြီးစေတယ်လို့ ထင်ရနိုင်ပါတယ်။

၆) အရောင်မှိန်မှိန်များ ဝတ်ဆင် သုံးစွဲခြင်း။

အရမ်း မှိန်လွန်းသော ဖျော့လွန်းသော အရောင်များကို ဝတ်စားဆင်ယဉ်ခြင်းကို ရှောင်ကြဉ်ပါ။ အရောင်နုနုလေးတွေက သင့်ကို လှပနိုင်စေတာ ရှားပါးလွန်းပါတယ်။ အရောင် နည်းနည်း တောက်တောက်လေးကို ဝတ်ဆင်ခြင်းဖြင့် ကိုုယ့်ကိုကိုယ် ယုံကြည်မှု ရရှိနိုင်ပြီး ငယ်ရွယ်တဲ့ ပုံ ပေါ်ပါတယ်။

၇) လူကြီးပုံစံ အိတ်များ အသုံးပြုခြင်း။

မိမိကိုင်ဆောင်တဲ့ ပိုက်ဆံအိတ်က smart ကျပြီး လှပဖို့ လိုပါတယ်။ အရမ်းရင့်ကျက်လွန်းပြီး လူကြီး တော်တော်များများ ကို််င်တဲ့ အိတ်မျိုး၊ ဒီဇိုင်းမျိုးကို ရှောင်ပါ။

၈) မိိတ်ကပ်များလွန်းခြင်း (သို့) မိတ်ကပ်နည်းလွန်းခြင်း။

မိတ်ကပ်ဆိုတာ အရမ်းကို စကားပြောတဲ့ fashion တစ်ခုပါပဲ။ သင်နှင့် လိုက်ဖက်သော၊ သင့် အသက်အရွယ်နှင့် လိုက်ဖက်သော မိတ်ကပ်လိမ်းခြယ်မှုကို ရွေးချယ် ပြင်ဆင်ပါ။

၉) သပ်သပ်ရပ်ရပ် ပြင်ဆင်မှု မရှိခြင်း။

တစ်ချို့ မိန်းကလေးတွေ အလှမကြိုက်လို့ ဆိုပြီး ဖြစ်ကတတ်ဆန်း နေတတ်ပါတယ်။ အလှကြိုက်သည်ဖြစ်စေ၊ မကြိုက်သည်ဖြစ်စေ သပ်သပ်ရပ်ရပ်နေတတ်ဖို့တော့ လိုပါတယ်။ ဆံပင်လေး စည်းထားတာမျိုး၊ သပ်ရပ်စွာ ဝတ်စားဆင်ယဉ်တာမျိုးကလည်း သင့် ငယ်ရွယ်နုပျိုမှုကို ထိန်းထားနိုင်မှာပါ။

အားလုံးပဲ လှပပြီး ကိုယ်စိတ်နှစ်ပါး ကျန်းမာ၊ ချမ်းသာကြပါစေ ။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။