သမီးဖြစ်သူကို ကျောပိုးထားရာမှ ချော်ပြီး အောက်တစ်ထပ်ကို ပြုတ်ကျသွား

မိဘများအနေနဲ့ သတိထားသင့်ပါတယ်။ ကလေးတွေကို ကျောပိုးပြီး ချီပိုးရာမှာ အခန့်မသင့်ရင် ဒီလို မတော်တဆမျိုး ဖြစ်တတ်ပါတယ်။

မလေးရှားနိုင်ငံအနောက်မြောက်ပိုင်း ပီနန်းပြည်နယ်

George Town မှ Bukit Jambul Complex မှာ

အဖေလုပ်သူဟာ အနီရောင်ဝတ်ထားတဲ့

၃ နှစ်အရွယ်သမီးငယ်ကို ကျောမှာပိုးချီရင်း

မိသားစုစျေးဝယ်ကြတယ်။

စက်လှေကားနဲ့ အပေါ်တစ်ထပ်ကိုအတက်

အပေါ်ရောက်ကာနီး ခလုတ်တိုက်မိရာ

သမီးဖြစ်သူဟာ ကျောပေါ်မှချော်ပြီးအောက်ထပ်ကိုပြုတ်ကျသွားတယ်။

ဒုတိယပုံကိုကြည့်လိုက်ရင် လှည်းရှေ့ခွေခွေလေးကျနေတာကိုတွေ့ရမှာပါ။

အခု ပီနန်းဆေးရုံရှိ အထူးကြပ်မတ်ဆောင်မှာကုသနေပြီး

ဦးခေါင်းကွဲကာ အတွင်းမှာသွေးယိုနေလို့

အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေအနေရှိတယ်။

အဖေလုပ်သူအနေနဲ့လည်း ကလေးကိုဒဏ်ရာအနာတရဖြစ်စေမှုနဲ့

ထောင်ဒဏ် ၁၀ နှစ် သို့မဟုတ် ဒဏ်ငွေအမြောက်အများ

ပေးဆောင်ရဖွယ်ရှိတယ်။

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။