ယခုအခါ အင်္ဂလန်ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်း၏ ကစားသမားဖြစ်လာသော ရွန်းနီသည် ယမန်နှစ်က မန်ချက်စတာယူနိုင်တက်နှင့် ကစားခဲ့ရသော ပွဲထွက်ခွင့်နှင့်ပတ်သတ်၍ပြောကြားခဲ့သည်။

မန်ချက်စတာယူနိုင်တက် ခေါင်းဆောင်ဟောင်းရွန်းနီက သူ့အနေဖြင့် ကစားသမားတစ်ဘဝလုံးတွင် အမြဲတမ်းပွဲထွက်ခွင့်ရခဲ့သော်လည်း ယမန်နှစ်က ပွဲကစားခွင့်အနည်းငယ်သာရရှိခဲ့သည့်အတွက် အားမရခဲ့ကြောင်းပြောဆိုခဲ့ပါတယ်။ 

ထို့ပြင် ရွန်းနီက ပွဲကစားခွင့်သိပ်မရခဲ့သည့် ယူရိုပါလိဂ်ဖလားနှင့် လိဂ်ဖလားတို့တွင်လည်း ဖလားရရှိခဲ့သော်လည်း အားမရဘဲ အချည်းနှီးဖြစ်ခဲ့မိသည်ဟု ပြောဆိုခဲ့သည်။ ရွန်းနီသည် လိဂ်ဖလားဗိုလ်လုပွဲတွင် မကစားခဲ့ရသလို ယူရိုပါလိဂ်ဖလားဗို်လ်လုပွဲတွင်လည်း ၈၉မိနစ်မှလူစားဝင်ခဲ့ရသူဖြစ်သည်။

Hein 

သတင်းအရင်းမြစ် Mirror

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။