Photo from google

လက်ရှိ Alliance အသင်းရဲ့ captain & po 5 player Fng ရဲ့ နာမည်အရင်းကတော့ Artsiom Barshak ဖြစ်ပြီး သူဟာ Belarus နိုင်ငံသားတစ်ဦးပဲဖြစ်ပါတယ်။

Birth date ကတော့ 1995 ခုနှစ် 9 လပိုင်း 24 ရက်နေ့ဖြစ်တာကြောင့် fng ဟာ အခုဆိုရင် အသက် 24 နှစ်ကျော်အရွယ်ရှိနေပြီပဲဖြစ်ပါတယ်။

Fng Dota 2 pro ကစားသမားဖြစ်လာတာကတော့ 2013 ခုနှစ်လောက်ထဲက ဖြစ်ပြီး ပထမဆုံးစတင်ကစားခဲ့တဲ့တာကတော့ Power Rangers ဖြစ်ပြီး ၎င်း team မှာ 2013 ခုနှစ် 8 လပိုင်း ကနေ 2014 ခုနှစ် 8 လိုင်းထိ တနှစ်လောက်ကစားခဲ့တာပဲဖြစ်ပါတယ်။

အဲ့ဒီနောက်မှာတော့ fng ဟာ Natus Vincere ကိုပြောင်းရွှေ့ခဲ့ပြီး 2014 ခုနှစ် 11 လပိုင်း 7 ရက်နေ့မှာ ပြန်လည်ထွက်ခွာခဲ့ပါတယ်။

2014 ခုနှစ် 12 လပိုင်း 20 ရက်နေ့မှာတော့ fng ဟာ Virtus.pro Polar ကိုပြောင်းရွှေ့ခဲ့ပြီး 2015 ခုနှစ် 1 လပိုင်း 18 ရက်နေ့မှာ ASUS.Polar ကိုပြောင်းရွှေ့ခဲ့ပါတယ်။

2015 ခုနှစ် 4 လပိုင်း 15 ရက်နေ့မှာတော့ fng ဟာ ASUS.Polar ကနေထွက်ခွာပြီး Virtus.pro အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။

2016 ခုနှစ် 8 လပိုင်း 5 ရက်နေ့မှာတော့ fng ဟာ Vega Squadron ကိုပြောင်းရွှေ့ခဲ့ပြီး 2016 ခုနှစ် 11 လပိုင်း 13 ရက်နေ့ထိသာ ၎င်းအသင်းမှာကစားခဲ့ပါတယ်။

2016 ခုနှစ် 12 လပိုင်း 15 ရက်နေ့မှာတော့ fng ဟာ Team Spirit ကိုပြောင်းရွှေ့ခဲ့ပြီး 2018 ခုနှစ် 12 လပိုင်း 26 ရက်နေ့ထိ Team Spirit မှာကစားခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ fng ဟာ Gambit Esports ကိုပြောင်းရွှေ့လာခဲ့ပြီး 2020 ခုနှစ် 5 လပိုင်း 23 ရက်နေ့မှာ Alliance ကိုအငှားအနေနဲ့ သွားရောက်ကစားခဲ့ပါတယ်။

Alliance ကိုအငှားသွားရောက် ကစားပေးနေစဥ် 2020 ခုနှစ် 9 လပိုင်း 2 ရက်နေ့မှာပဲ fng ဟာ Gambit Esports ကနေ အပြီးသတ်ထွက်ခွာခဲ့ပါတယ်။

အဲ့ဒီနောက် 2020 ခုနှစ် 9 လပိုင်း 10 ရက်နေ့မှာတော့ fng ဟာ Alliance ကို အပြသတ်ပြောင်းရွှေ့လာခဲ့ပြီး လက်ရှိမှာ Alliance နဲ့အတူ Epic League ကိုဝင်ရောက်ယှဥ်ပြိုင်လျက်ရှိပါတယ်။

fng ရဲ့ signature heros တွေကတော့ Bane, Vengeful Spirit နဲ့ Treant Protector တို့ဖြစ်ပြီး ကစားသမားဘဝ total earnings ကတော့ $585,181 USD ရှိနေပြီပဲ ဖြစ်ပါတယ်။

source - liquipedia

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။