Photo from google

SEA region က dota 2 team တစ်ခုဖြစ်တဲ့ T1 ကတော့ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး အသင်းရဲ့ roster ကိုစတင်ပြောင်းလဲခဲ့ပါတယ်။

T1 ဟာ အသင်းရဲ့ coach ဖြစ်သူMP နဲ့ players တွေဖြစ်ကြတဲ့ inYourdreaM နဲ့ Jhocam တို့ကို အသင်းကနေ ထုတ်ပယ်ခဲ့ပြီး ပထမဆုံးအနေနဲ့ TNC ကထွက်ပီးနောက် အသင်းလက်မဲ့ဖြစ်နေတဲ့ March ကို coach အနေနဲ့ခေါ်ယူခဲ့ပါတယ်။

အဲ့ဒီနောက်မှာတော့ T1 ဟာ Xepher နဲ့ Motivate.trust Gaming က carry player "JaCkky" တို့ကိုထပ်မံခေါ်ယူပြီး အသင်းရဲ့ roster ကိုအားဖြည့်ခဲ့ပါတယ်။

ဒါ့ကြောင့် T1 ရဲ့လက်ရှိ dota 2 roster အပြည့်အစုံကတော့

Po 1- JaCkky

Po 3- Karl

Po 3- Sam_H

Po 4- Xepher

Po 5- Poloson

Coach - March

တို့ပဲ ဖြစ်ပါတယ်။

T1 အနေနဲ့ အသင်းရဲ့ roster တစ်ခုလုံးနီးပါးကို ပြောင်းလဲခဲ့တာဆိုတော့ လာမယ့် tournaments တွေမှာဘယ်လို performance တွေပြသသွားမလဲဆိုတာ စောင့်ကြည့်သွားရမှာပါပဲ။

Source - T1 twitter

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။