ကမ္ဘာ့လူဦးရေနေ့ဆိုတာဘာအတွက်လဲ ဘယ်နေ့လဲ?

ကုလသမဂ္ဂကဟာ၁၉၉ဝခုနှစ်ကစပြီး ကမ္ဘာ့လူဦးရေဆိုင်ရာပြသနာတွေကိုလူတွေသိမိနားလည်စေရန်ရည်ရွယ်ပြီးဇူလိုင်၁၁ရက်နေ့ကိုကမ္ဘာ့လူဦးရေနေ့အဖြစ်သတ်မှတ်ခဲ့တာပါ

ကမ္ဘာ့လူဦးရေနေ့စတင်သတ်မှတ်တုန်းက လူဦးရေဟာ၅ဘီလီယံကျော်သာရှိသေးပေမယ့် လက်ရှိမှာတော့ရ.၆ဘီလီယံကျော်ရှိနေပါပြီ ကမ္ဘာ့ဘယ်နေရာတွေမှာလူဦးရေတိုးနှုန်းတွေတက်နေပြီးဘယ်နေရာတွေမှာကျဆင်းနေတယ်လေ့လာကြည့်ရာမှာ ဥရောပက လူဦးရေတိုးနှုန်း အနည်းဆုံးဖြစ်ပြီး အမျိုးသမီးတစ်ဦးလျင် ကလေးမွေးနှုန်း ၁.၆ယောက်သာရှိပြီး အာဖရိကမှာတော့၄.ရဦးနှန်းနဲ့အများဆုံးပါ

၂၀၅ဝခုနှစ်မှာ အမေရိက အိန္ဒိယ ကွန်ဂို နိုင်ဂျီးရီးယား ယူဂန္ဓာ အီသီယိုးပီးယား ပါကစ္စတန် တန်ဇန်းနီးယား အင်ဒိုနီးရှား အဲ့ဒီကိုးနိုင်ငံရဲ့လူဦးရေဟာကမ္ဘာ့လူဦးရေထက်ဝက်ရှိလာမယ်လို့ခန့်မှန်းရပါတယ်

၂၀၂၄ခုနှစ်မှာလက်ရှိကမ္ဘာ့လူဦးရေဒုတိယအများဆုံးအင်ဒိုနီးရှားကတရုတ်ကိုကျော်ကာပထမဖြစ်လာနိုင်ပြီး နိုင်ဂျီးရီးယားကအမေရိကရဲ့တတိယနေရာကိုရောက်ပြီး လူဦးရေအများဆုံးနေရာတွေကိုရောက်လာမယ်လို့အစီရင်ခံစာတခုကဖော်ပြပါတယ်

ကုလသမဂ္ဂအဆိုအရ ၂၀၁ရကနေ၂၀၅ဝခုနှစ်ကြားကမ္ဘာ့လူဦးရေတိုးနှုန်းရဲ့တဝက်ကျော်ဟာအာဖရိကတိုက်မှာဖြစ်မယ်လို့ဆိုပါတယ်

သတင်းအရင်းမြစ် BBC burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။