သမိုင်းတောက်လျှောက်မှာ စိတ်ဝင်စားစရာကောင်းပြီး ဖြေရှင်းထားခြင်းမရှိတဲ့ အမှုတွေက လူတွေကို စဉ်းစားတွေဝေစရာတွေ အမြဲပေးလေ့ရှိပါတယ်။ အရမ်းတွေ စဉ်းစားတော့လဲ့ စိတ်ကိုကြောင်တောင်တောင်ဖြစ်စေပါတယ်။ အဲ့တော့ဘယ်လောက်ပဲဖြစ်ဖြစ် အရမ်းကြီးမစဉ်းစားပဲ ရိုးရှင်စွာပဲ စဉ်စားတာကောင်းပါတယ်။ တချို့သောအမှုတွေကတော့ တကယ်ကိုထူးဆန်တယ်ဗျ...ဘယ်လိုလဲဆိုတော့ ကြောင်က မျက်မြင်သက်သေဖြစ်တာတို့ ဘာတို့ပေါ့ မဖြစ်နိုင်တာတွေက တစ်ခါတစ်လေဖြစ်သွားကြတာပါပဲ။ သမိုင်းတောက်လျှောက်စိတ်ဝင်စားစရာတွေကို ဖော်ပြလိုက်ပါတယ်။Zodiac Killer ဟာ ၁၉၆၀ခုနှစ်က လူသတ်သမားတစ်ယောက်ဖြစ်မယ်ဆိုတာကို သင်သိမှာပါ....သူကဘယ်လို လူသတ်သမားလဲဆိုတော့ အစဉ်လိုက်သတ်တဲ့လူသတ်သမားပါ။ 

တစ်ယောက် နှစ်ယောက်တည်းသတ်တာမဟုတ်ပဲ အဲ့ထက်ပိုသတ်ခဲ့ပါတယ်။ ထုတ်ပြန်ချက်အရတော့ သူဟာ အနည်းဆုံး ၅ယောက်သတ်ခဲ့တယ်ပြောပါတယ်။ သူဟာလူသတ်ပြီးတိုင်း စာတစ်စောင်နဲ့ သင်္ကေတက လွဲလို့ကျန်တာဘာမှမထားခဲ့ပါဘူး။ ယနေ့တိုင် သူရဲ့အမှုကို မဖြေရှင်နိုင်သေးပါဘူး။ယနေ့တိုင်ပြောမပြတတ်တဲ့ အစဉ်လိုက်ပေါ်ပေါ်နေတဲ့အလင်းတွေက ထူဆန်းပါတယ်။ အလင်းတွေက Mitchell Flat ရဲ့အရှေ့အရပ် Marfa အရပ်မှာပေါ်တာကြောင့် Marfa Light လို့ခေါ်ကြပါတယ်။ အဲ့အလင်းတွေက ဘယ်ကနေဘယ်လိုပေါ်ပေါ်လာလဲ မသိကြသေးပါဘူး။   

Jimmy Hoffa ဆိုတဲ့သူကတော့ နာမည်ကြီးတစ်ယောက်ပဲဖြစ်ကာ သူဟာကိစ္စတစ်ခုကြောင့်ထောက်ကျပြီ ပြန်လွတ်လာတဲ့ချိန်မှယ Mafia နှစ်ယောက်နဲ့သွားတွေ့ပြီးနောက် ပျောက်ကွယ်သွားပါတယ်။ အများကတော့သေနတ်ပစ်ခံရပြီး မြေမြုပ်ခံရတယ်ပြောကြပါတယ်။ Jack The Ripper ကတော့ Zodiac Killer လိုမျိုးပဲဆိုပေမဲ့ သူဟာ အပျော်ဇိမ်းမယ်လေးတွေကိုပဲ သတ်တာဖြစ်ပါတယ်။ သူဘယ်သူလဲဆိုတာ ယနေ့တိုင် မသိကြသေးပါဘူး။ November 7, 1872 ခုနှစ်မှာ Captain နဲ့အတူ သူဇနီးနဲ့သမီးလေးရယ် သင်္ဘောသား ၈ယောက်ဟာ The Mary Celeste ဆိုတဲ့ သင်္ဘောကြီးပေါ်မှာ ပျောက်ဆုံးသွားခဲ့ပါတယ်။ သင်္ဘောကိုတွေ့ပေမဲ့ သင်္ဘောပေါ်က လူတွေကိုမတွေ့ခဲံ့ကြပါဘူး။  

သတင်းအရင်းမြစ် Cracked

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။