မယ်လိုဒီရဲ့ သားချောချောလေးကို ပရိသတ်တွေ အတော်များများရင်းနှီးပြီးသားပါ။ မေမေချောသလို အရမ်းချစ်ဖို့ကောင်းတဲ့ သားသားလေးရဲ့ ဖြစ်ချင်တဲ့ဆန္ဒကို ရောက်အောင် ပံံ့ပိုးပေးသွားမှာပါလို့ သရုပ်ဆောင် မယ်လိုဒီက အင်တာဗျူးတစ်ခုမှာ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

လက်ရှိမှာ သောင်းထိုက်ကကြားစေသားဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနေရာမှာ ကျောင်းဆရာမတစ်ဦးနေရာကနေ မယ်လိုဒီက ပါဝင်သရုပ်ဆောင်ထားပါတယ်။ 

“ကိုယ့်ဆရာရဲ့ ဇာတ်ကားမှာ ပါဝင်ခွင့် ရတာကိုပဲ ဝမ်းသာပါတယ်။ မန္တလေးမှာ ဇာတ်ကား ရိုက်ကူးရင်း လာပြီး နေရ၊ စားရတာလည်း သဘော ကျတယ် (ရယ် လျက်)။ ဒီဇာတ်ကားက သားလေး မွေးပြီး အနုပညာ လောကထဲ ပြန်ဝင်တဲ့အခါမှာ ပထမဆုံးခြေ လှမ်းလည်း ဖြစ်တယ်။ ပထမဆုံး စပြီး ရိုက်ကူးတဲ့ ရုပ်ရှင် ဇာတ်ကား လည်း ဖြစ်တယ်။ သွေးပူ လေ့ကျင့်ခန်းလို လည်းဖြစ် နေတယ်။ ဆရာ ဦးထွန်းအောင်ဇော် နဲ့ ရုပ်ရှင် ဇာတ် ကားတွေ နောက်ထပ် ရိုက်ကူးဖို့ စီစဉ်ထားတာတော့ ရှိပါတယ်” လို့မယ်လိုဒီမှ ပြောကြားခဲ့ပါတယ်။

အနုပညာအလုပ်တွေ ပြန်လည်လုပ်ကိုင်တာမကြာသေးဘဲ သားသားလေးရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး မယ်လိုဒီက “အခုလည်း သားပါတယ်လေ။ သားကို မွေးပြီး ကတည်း က တစ်ခါမှ ခွဲမအိပ်ဖူးသေးဘူး။ ကလေးထိန်း လည်း မထားဘူး၊ ရေချိုးတာ ထမင်းကျွေးတာ ကအစ ကိုယ်ကိုယ်တိုင်ပဲ လုပ်ပေးတယ်။ ထမင်းကျွေးရင် လည်း အသား၊ ပဲ၊ အသီးအရွက် အာဟာရ မျှတအောင် ကိုယ်ကိုယ်တိုင်ပဲ စီစဉ် ပေးတယ်။ သားလေး ကလည်း ကိုယ့် ဘဝပဲလေ။ အနုပညာ လုပ်ငန်းကလည်း ကိုယ့်ဘဝပဲ။ ကိုယ်လုပ်ချင်တဲ့ အနုပညာ အလုပ်ကို ပြန်လုပ်သလို အမေ တစ်ယောက် အနေနဲ့ သား အပေါ်မှာ လစ်ဟင်း သွားမှာလည်း မလိုချင်ဘူး။ ကိုယ်လုပ်ပေးနိုင်တာကို အစွမ်းကုန် လုပ်ပေး သွားမှာပါ။ သားကို ကြီးလာရင် ဘာဖြစ် စေချင်တာ မျိုးဆိုတာ မရှိပါဘူး၊ သူဖြစ် ချင်တာ၊ သူလုပ်ချင်တာကိုပဲ အခက် အခဲမရှိအောင် ကိုယ်ကတတ်နိုင် တာကို ပ့ံပိုးပေးမယ်” လို့ ဖြေကြားခဲ့ပါတယ်။

Source : popular journal

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။