ဘဝဟာတိုတောင်းပြီး ကိုယ့်အတွက် အရမ်းအရေးပါတဲ့ အရာတွေက အလွယ်တကူပျောက်ကွယ်တက်ပါတယ်။ တခါတလေမှာ ကိုယ်လဲ ဘာမှမလုပ်မိပဲ ဆုံးရှုံးခဲ့ရသလို တခါတလေ ကိုယ့်ကြောင့် ဆုံးရှုံးလိုက်ရတဲ့ အရာတွေလဲရှိပါတယ်။ အဲ့လိုမျိုးတွေဖြစ်သွားတိုင်းမှာ သင်ဟာနာကျင်ခံစားနေရပါလိမ့်....ဒါပေမဲ့ ခုဖော်ပြသွားတဲ့ အချက်တွေထဲက ဟာတွေကိုတော့ သင်မဆုံးရှုံးစေပါနဲ့။ ဘဝမှာ အရေးကြီးဆုံးအရာတွေရှိစမြဲပါ....ဒါပေမဲ့ အောက်မှာ ဖော်ပြသွားမဲ့ အရာတွေလောက်အရေးမကြီးပါဘူး။ 

ပထမဆုံးက မိသားစုပါ....ပရိသတ်ကြီးလဲ မိသားစုကအရေးကြီးမယ်ဆိုတာကို သိမှာပါ။ ကိုယ့်ရဲ့မိသားစုလောက်ဘယ်အရာကမှ အရေးမကြီးပါဘူး...ကိုယ်တစ်ခုခုဖြစ်နေချိန်မှာ ကူညီပေးတာ ၁၀၀ အပြည့်ဆိုလို့ မိသားစုပဲရှိပါတယ်။ ဒုတိယကတော့ သူငယ်ချင်းပါ....သူငယ်ချင်းဆိုတာ အပေါ်ယံတွေကို ပြောတာမဟုတ်ပါဘူး...အတွင်းကျကျခင်တဲ့ သူငယ်ချင်းတွေကိုပြောတာပါ။ သူငယ်ချင်းတွေကို ကိုယ်အဆင်မပြေချိန်မှာ ရင်ဖွင့်နိုင်တယ်...ကိုယ်နဲ့အတူ ပျော်ပါးစွာ အချိန်တွေ ဖြုန်းပေးနိုင်တယ်...ကိုယ့်ကို ကူညီပေးတယ်။ သင်ဆိမှာ Best Friend ဆိုတာထက် Good Friend လောက်တွေ့တာနဲ့တင် သင်ဟာ ကံကောင်းသူဖြစ်နေပါပြီ။ 

တတိယကတော့ အချစ်ပါ....အချစ်ထဲမှာဆိုရင် မိသားစုရော သူငယ်ချင်းအပြင် ကိုယ်နဲ့တသက်လုံး လက်တွဲသွားမဲ့သူလဲပါပါတယ်။ ကိုယ်ချစ်တဲ့သူက ကိုယ့်ဘဝအတွက် အနီးကပ် ပြုစုစောင့်ရှောက်ပေးပြီး အားပေးနှစ်သိမ့်မယ့် သူစိမ်းတစ်ယောက်ပဲမို့ သင်လက်မလွှတ်သင့်ပါဘူး။ သူငယ်ချင်းနဲ့ချစ်သူကိုလဲ ယှဉ်လို့မရပါဘူး...ဘာလို့လဲဆိုတော့ အချစ်က အမျိုးမျိုးရှိလို့ပါ။ လေးခုမြောက်ကတော့ သင့်ရဲ့စိတ်အားထက်သန်မှုပါ...ဘာရယ်ကြောင့်မှ စိတ်ဓာတ်မကျပဲ ကြိုးစားပါ။ နောက်ဆုံးအချက်ကတော့ ကျန်းမားရေးပဲဖြစ်ပါတယ်။ ကိုယ်ကျန်းမာမှ ကိုယ်လုပ်ချင်တာတွေ လုပ်သင့်တာတွေလုပ်လို့ရမှာပါ။ ဒါတွေက သင့်ဘဝအတွက် အရေးကြီးဆုံးပါပဲ။ 

သတင်းအရင်းမြစ် Cracked

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။