အိန္ဒိယမှာရှိတဲ့ West Bengal က ရွာတစ်ရွာမှာ ထူးဆန်းစွာ မျက်လုံးတစ်လုံးတည်းသာပါပြီး နှာခေါင်းမရှိတဲ့ နွားငယ်လေးကို မွေးမြူခဲ့ပါတယ်။ အဲ့ဒီပါတဲ့ မျက်လုံးဟာဆိုရင်လဲ ခေါင်းရဲ့မျက်နှာ တည့်တည့်မှာ ရှိနေခဲ့ကာ နှာခေါင်းမပါပါဘူး။ အဲ့ကောင်လေးကို မွေးတဲ့ နွားမကြီးကတော့ လျှာဖြင့်လျက်နေခဲ့ကာ မိခင်စိတ်ဓတ်ကို တွေ့ရှိခဲ့ရပါတယ်။ ရွာထဲကလူတစ်ယောက်က " လည်ပင်ထိတော့ အဆင်ပြေပါတယ်...ခေါင်းကျမှာသာ အထူးအဆန်းဖြစ်နေခဲ့တာ " ဆိုပြီး အံ့သြစွာ ပြောခဲ့ပါတယ်။  

နောက်မိန်းမတစ်ယောက်ကလဲ " ကျွန်မဘဝမှာ ဒီလိုမျိုး အထူးအဆန်း တိရစ္ဆာန်မွေးတာကို တစ်ခါမှလဲ မကြားဖူးသလို မြင်လဲ မမြင်ခဲ့ဖူးပါဘူး " ဆိုပြီး ပြောပြခဲ့ပါတယ်။ အမည်မဖော်လိုသူ ပိုင်ရှင်ကတော့ " တခြားအနီးအနားက ရွာကလူတွေကတော့ ကျွန်တော်တို့ဆိလာပြီး အဲ့နွားလေးက အလုပ်လုပ်နိုင်လားဆိုပြီးလာမေးခဲ့ကြပါတယ်...ကျွနန်တော်တို့ကတော့ ဒါဟာ God ရဲ့ထူးခြားတဲ့အရာပါပဲ ပြီးတော့ ဒါဟာ Lord Brahma ပဲဖြစ်မှာပါ " လို့ပြောခဲ့ပါတယ်။ Lord Brahma ကတော့ ဟိန္ဒူနတ်ဘုရားတစ်ယောက်ဖြစ်ပါတယ်။  

အဲ့လိုမျိုးထူးခြားစွာ မွေးမြူလာပြီးနောက် ပိုင်ရှင်ရဲ့အိမ်ဟာ စီးပွားရေးကောင်းမွန်လာပြီး အစစအရာရာ အဆင်ပြေချောမွတ်နေခဲ့ပါတယ်။ ဒါပေမဲ့လဲ နွားလေးဟာ ရက်အနည်းငယ်သာ အသက်ရှင်ခဲ့ပြီး သေဆုံးခဲ့ပါတယ်။ နှာခေါင်းမပါပဲ ဘယ်လို သက်ရှိက အသက်ရှူလဲဆိုတာ စဉ်းစားလိုကိုမရပါဘူး။ သိပ္ပံလောကမှာလဲ ထူးခြားဆန်းပြားတဲ့ တိရစ္ဆာန်တွေများစွာကိုတွေ့ရှိတာ ပရိသတ်ကြီးလဲ သိမှာပါ။ ခုဆိုရင်လဲ မျက်စိတစ်လုံးထဲပါတဲ့ နွားလေးတစ်ကောင်ကို မှတ်တမ်းတင်ခဲ့ကြပြန်ပါပြီ။

သတင်းအရင်းမြစ် Cracked

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။