တက်တူးဆိုတာ ကိုယ်ခန္ဓာပေါ်မှာ ခြယ်သတဲ့ ပန်းချီလို့ပြောလို့ရအောင် ရှိပါတယ်။ ပြီးတော့ တက်တူးထိုးတယ်ဆိုတာကလဲ ကြည့်ကောင်းချင်လို့ လူတွေ အားကျအောင် လူတွေရှိန်အောင် တက်တူးကို အထားကျကျ ထိုးကြတာပဲဖြစ်ပါတယ်။ တက်တူးနဲ့ပတ်သတ်ပြီး အရင်ခေတ်တုန်းက လူတွေဟာအမြင်စောင်းလေ့ရှိကာ တက်တူးပါတဲ့လူတွေကိုလဲ မိန်းကလေးတွေကရွှံရှာလေ့ရှိပါတယ်။ ဒါပေမဲ့ ယနေ့ခေတ်မှာတော့ တက်တူးကို လက်ခံတဲ့သူတွေဟာ များပားလို့လာပါတယ်။ 

အဲ့လိုတက်တူးထိုးထားတဲ့ လူတွေကို ကြွေတက်တဲ့ မိန်းကလေးတွေလဲရှိသလို မကြိုက်နှစ်သက်တဲ့ မိန်းကလေးတွေလဲရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ်ပါ...တက်တူးဆိုတာ ခန္ဓာကိုယ်မှာ ပန်းချီတွေနဲ့ လှပဖို့အတွက်ထိုးကြတာဖြစ်ပါတယ်။ ဒါပေမဲ့လဲ တချို့သောတက်တူးတွေဟာဆိုရင် ရုပ်ပျက်လောက်အောင် ရှိနေတက်ပါတယ်။ ပရိသတ်ကြီးလဲ အဲ့လိုတက်တူးတွေကို တွေ့ဖူးမှာပါ။ အဲ့လိုမျိုးရုပ်ပျက်တဲ့ တက်တူးတွေကို အထိုးခံရတဲ့သူတွေအနေနဲ့တော့ တော်တော်လေး စိတ်နာပြီ စိတ်မကောင်းဖြစ်မိကြမှာပဲ။ 

အဲ့လိုမျိုး တက်တူးတွေကို ပရီသတ်ကြီးအတွက် အဆိုးဝါးဆုံးနဲ့ စိတ်ပျက်လောက်အောင်ဖြစ်နေတဲ့ ပုံတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။ ပရိသတ်ကြီးလဲ ဖော်ပြထားတဲ့ပုံတွေကို ကြည့်ရင်း တက်တူးထိုးချင်စိတ်တော့ရှိပါ့အုန်းမလား။ ထိုးမယ်ဆိုရင်လဲ စိတ်ချရတဲ့ လက်တည်တဲ့ တက်တူးဆရာဆိကပဲထိုးပါ.....ခုပုံထဲကလို မဖြစ်စေဖို့လဲ အရေးကြီးပါတယ်။ ခုပုံတွေကတော့ တကယ်ကို့ ဆိုးရွားတဲ့ ပုံပျက်ပန်းပျက် တက်တူးတွေပါပဲ။ 

သတင်းအရင်းမြစ် Cracked

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။