ပရိသတ်ကြီးရေ..... မင်းသမီးချောလေး မေမြင့်မိုရ်က တော့ အနုပညာလောကမှာ အချိန်အတိုတွင်း အောင်မြင်မှုတွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ သူလေးပဲဖြစ်ပါတယ်။ သူမကတော့ MRTV - 4 ရုပ်သံဇာတ်လမ်းတွဲတွေထဲကနေ ပါဝင်သရုပ်ဆောင်ရင်း အနုပညာနယ်ပယ်မှာ စတင်လျှောက်လှမ်းခဲ့ပြီး လက်ရှိမှာတော့ သူမ ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်လည်း ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေရတာကို တွေ့ရပါတယ်။

photo credit-May Myint Mo's Facebook acc
photo credit-May Myint Mo's Facebook acc

မေမြင့်မိုရ် ဟာ သွယ်လျကျစ်လျစ်တဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားပြီး ရိုးရှင်းအေးချမ်းတဲ့ မြန်မာဆန်ဆန် အလှတရားတွေကြောင့် ပျိုမဒီလေးတွေအပြင် ယောကျ်ားလေးပရိသတ်တွေရဲ့ အားပေးဝန်ရံခြင်းကိုခံနေရတာဖြစ်ပါတယ်။ ဒါ့အပြင် မေမြင့်မိုရ် က အနုပညာလှုပ်ရှားမှုတွေအပြင် ချစ်စရာပုံရိပ်လေးတွေကို အမြဲဆိုသလို ပရိသတ်တွေအတွက် ဖော်ပြပေးလေ့ရှိပါတယ်.....။

photo credit-May Myint Mo's Facebook acc
photo credit-May Myint Mo's Facebook acc

အခုဆိုရင်လည်း မေမြင့်မိုရ်ဟာ သဲသောင်ပြင်လေးမှာ ကလေးလေးလိုစွန်လွှတ်နေရင်း ချစ်စရာကောင်းနေတဲ့ပုံလေးတွေကို သူမရဲ့ Facebookစာမျက်နှာမှာ "သတိရစိတ်ကို တောင်ပံတပ်လို့ စွန်လေးကို လေဟာနယ်ထဲ လွှင့်တင်လိုက်တယ် " ဆိုတဲ့ captionလေးနဲ့ တင်ပေးခဲ့ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

photo credit-May Myint Mo's Facebook acc
photo credit-May Myint Mo's Facebook acc

Source& photo credit-May Myint Mo's Facebook acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။