နာနာဘဝဆိုတာ တကယ်ရှိလားမေးခဲ့ရင် ရှိတယ်လို့ ပြန်ဖြေရမှာဖြစ်ပြီး နတ်ဆိုးတွေရော တကယ်ရှိမယ်ထင်လား…ရှိတယ်လို့ပဲဖြေရမှာပါပဲ။ သူတို့တွေ တကယ်ရှိခဲ့ကြလို့လဲ video မှတ်တမ်းတွေ ဓာတ်ပုံတွေ အပြင် အကြောင်းအရာ မှတ်တမ်းတွေပါ ရှိခဲ့ကြတာပါ။ခုဖြစ်စဉ်ဟာဆိုရင် Manfield မှာရှိတဲ့ ရွာငယ်လေး တစ်ရွာမှာ ဖြစ်ပေါ်ခဲ့တာပါ။ ဖြစ်ပုံကတော့ Tania Copeman ဆိုတဲ့ အသက်၄၁နှစ်ရှိပြီဖြစ်တဲ့ အမျိးသမီးဟာ မြေအောက်ခန်းတစ်ခုထဲကို သရဲအကြောင်းစူးစမ်းရင် ဆင်းသွားခဲ့ပါတယ်။  

အဲ့မြေအောက်ခန်းဟာဆိုရင် ရှေးယခင်က သားသတ်ရုံဖြစ်ခဲ့ဖူးပါတယ်။သူမဆင်းသွားပြီးချင်း ခနမှာပဲ စိတ်ထဲမှာ တခုခုကိုခံစားနေရသလိုဖြစ်နေသော်ကြောင့် သူမလဲ ဓာတ်ပုံနှစ်ပုံရိုက်ခဲ့ပါတယ်။ ရိုက်ပြီးတဲ့ချိန်မှာ သူမဟာ ပြန်လာခဲ့ပါတယ်။ ဒါပေမဲ့ ပုံကိုပြန်ပြီးကြည့်တဲ့အချိန်မှာတော့ သူမရော သူမယောက်ျားဖြစ်သူ Jared တို့ဟာဆိုရင် ထိတ်လန့်ခဲ့ကြပါတယ်။ဘာလို့လဲဆိုတော့ ဓာတ်ပုံ ၂ပုံထဲက ၁ပုံမှာ အဖြူရောင်လက်နေတဲ့ မျက်လုံး၂လုံးနဲ့ စိုက်ကြည့်နေတာကို တွေ့မြင်ခဲ့ရပါတယ်။

ထို့အပြင် Ghost Hunter Lee Roberts ဟာဆိုရင်လဲ ဒီအရာဟာဆိုရင် လွန်ခဲ့တဲ့ နှစ်၁၅၀၀က မီးလောင်သေဆုံးခဲ့တဲ့ ဘုန်ကြီး၇ပါးထဲက ၁ပါးဖြစ်ကြောင်းကို ပြောပြခဲ့ပါတယ်။သူမဟာ “ထိုဓာတ်ပုံရိုက်နေတဲ့ချိန်မှာ ဘယ်သူမှမရှိပါဘူး ကျွန်မတစ်ယောက်ပဲရှိနေခဲ့တာပါ”ဆိုပြီပြောခဲ့ပါတယ်။ ဘုန်ကြီးက ၇ပါးဆိုတော့ ကျန်တဲ့ ၆ပါးက ဘယ်ကို ရောက်နေလဲဆိုတာကို ပရိတ်သတ်ကြီးရော သိရက်လား။ ကံဆိုးစွာပဲ စုံတွဲဟာဆိုရင် ခုချိန်မှာတော့ ထူးဆန်းစွာပျောက်ကွယ်သွားခဲ့ပြီဖြစ်ပါတယ်။ 

သတင်းအရင်းမြစ် Cracked

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။