ရူရှားနိုင်ငံသား dota 2 pro players တစ်ယောက်ဖြစ်သူ RAMZES666 ကတော့ Nike ရဲ့ brand ambassador တစ်ယောက် ဖြစ်လာခဲ့ပြီပဲ ဖြစ်ပါတယ်။
အခုလိုဖြစ်လာမှုနဲ့အတူ RAMZES ဟာ Nike ရဲ့ promotion campaigns တွေနဲ့ အခြားသော ကဏ္ဍအချို့မှာ ပါဝင်သွားမှာပဲ ဖြစ်ပါတယ်။
ဒီလက်တွဲမှုနဲ့ ပတ်သတ်ပြီး RAMZES ကတော့ "
ကျွန်တော့်အတွက် Nike ဟာကမ္ဘာပေါ်မှာနံပါတ်တစ်အမှတ်တံဆိပ်အဖြစ် အမြဲတမ်းရှိနေခဲ့တာပါ။ Winstrike ကြောင့်ကုမ္ပဏီနဲ့ကျွန်ုပ်ရဲ့ပုဂ္ဂိုလ်ရေးအကျွမ်းတ၀င်ဖြစ်မှုကို ကျွန်ုပ်အလွန်ဝမ်းမြောက်မိပါသည်။
ဒါကကျွန်တော့်အတွက် အတွေ့အကြုံသစ်တစ်ခုပါ ပီးတော့ ဒါကအရမ်းစိတ်ဝင်စားစရာကောင်းမယ်လို့လည်း ယုံကြည်ပါတယ် " လို့ပြောကြားထားပါတယ်။
ဒါဟာ RAMZES အတွက်တော့ ပထမဆုံးလက်တွဲမှုမဟုတ်ပဲ 2018 ခုနှစ်တုန်းကလည်း RAMZES ဟာ Head & Shoulders နဲ့လက်တွဲခဲ့ပြီး Head & Shoulder ရဲ့ campaigns နဲ့ commercials program တွေမှာပါဝင်တဲ့ ပထမဆုံး esports players ဖြစ်ခဲ့ဖူးပါတယ်။
ရုပ်ဖြောင့်လှတဲ့ RAMZES ကတော့ ရှေ့ဆက်ပြီး Nike ရဲ့ campaigns တွေမှာ ပါဝင်သွားမှာဖြစ်ပြီး ဒါဟာ သူ့ရဲ့ esports carrier ကိုထိခိုက်မှု မရှိစေတဲ့အပြင် ပိုပြီး လူသိများထင်ရှားလာစေနိုင်ပါတယ်။
Esports carrier အနေနဲ့ကတော့ RAMZES သူ့ရဲ့အသင်းသစ် Just Error မှာကစားနေပြီး လက်ရှိမှာ EPIC League ကိုဝင်ရောက်ယှဥ်ပြိုင်လျက်ရှိနေပါတယ်။
သတင်း အရင်းအမြစ်៖ Vpesports