ယောကျာ်းကို ပူဆာတိုင်း စိန်တွေရွှေတွေ ဝယ်ပေးပါဆိုတာထက် အလှူလေးတွေလုပ်မယ်ဆိုတာများတယ်လို့ သူမရဲ့သဒ္ဒါစိတ်လေးကို ပြောပြလာတဲ့ ပိုးအိအိခန့်

//s9.kh1.co/4b/4b6f75c527b735dfe0d6ea36e529f440392bea3c.jpg
အနုပညာရှင်များ

 ၀၁-ဒီ-၂၀၂၀ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

အနုပညာလောကမှာ အောင်မြင်မှုတွေရရှိခဲ့တဲ့ မင်းသမီးချောလေး ပိုးအိအိခန့်ဟာ လက်ရှိမှာ မြန်မာ့ဂုဏ်ဆောင် ဘောလုံးကစားသမား တိုက်စစ်မှူးအောင်သူနဲ့ သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားပြီး ချစ်စရာသားလေးကိုမွေးထားကာ ဘဝကိုအေးချမ်းစွာ ဖြတ်သန်းနေထိုင်နေတာ ဖြစ်ပါတယ်။ ယခုမှာတော့ ပရိသတ်တွေရဲ့ အချစ်တော်လေး ပိုးအိအိခန့်ကတော့ သူမအလှူလေးတွေပြုလုပ်တိုင်း အနောက်ကနေပံ့ပိုးပေးတဲ့ မိဘနှစ်ပါးနဲ့ ခင်ပွန်းသည်တို့ကို ကျေးဇူးတင်မိကြောင်း သူမရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ရေးသားဖော်ပြလာခဲ့ပါတယ်။

Photo Credit - Poe Ei Ei Khant fb account
Photo Credit - Poe Ei Ei Khant fb account
Photo Credit - Amazing Grace (photography) 
Photo Credit - Amazing Grace (photography) 

"အလှူတစ်ခု ပြီးမြောက်တိုင်းမှာ ကျေးဇူးတင်မိတာက ဒီကမ္ဘာလောကကြီးအပေါ်မှာ လူတစ်လုံး သူတစ်လုံးဖြစ်လာအောင်ရယ် လူဖြစ်သည့်အလျောက် သူတစ်ပါးဆီက ရယူလိုစိတ်ထက် သူတစ်ပါးအပေါ် ပေးချင်ကမ်းချင်စိတ်မျိုး ရှိအောင်ပဲ သွင်သင်ဆုံးမ ပဲ့ပြင်ပေးခဲ့တဲ့ မိဘနှစ်ပါးကို ပထမဦးဆုံးကျေးဇူးတင်မိတယ်

ဒုတိယကျေးဇူးတင်မိတာကတော့ ခင်ပွန်း ကိုပါကိုယ်က ဘယ်လောက်ပဲ လှူချင်ချင် အနောက်ကနေ မပံ့ပိုးပေးဘူး ဖြစ်ချင်တာကို လိုက်မလုပ်ပေးဘူးဆိုရင်လည်း စိတ်သွားတိုင်းကိုယ်မပါနိုင်ပါဘူး....

Photo Credit - Amazing Grace (photography) 
Photo Credit - Amazing Grace (photography) 
Photo Credit - Amazing Grace (photography) 
Photo Credit - Amazing Grace (photography) 

ကျွန်မလည်း ယောကျာ်းကို ပူဆာတိုင်း စိန်တွေရွှေတွေ ဝယ်ပေးပါ ဆိုတာထက် ဟိုဟာလေးလှူချင်တယ် ဒီမှာလည်းလှူလိုက်မယ်နော်ဆိုတာမျိုးက ပိုများပါတယ် ...အဲ့လို လှူချင်တိုင်း သဒ္ဒါစိတ်ဖြစ်တိုင်းမှာ ဖောင်းသဘော ၊ ဖောင်းလှူလေ ဆိုတာပဲ ပြောခဲ့တဲ့ ခင်ပွန်းကိုလည်း ကျေးဇူးတင်မိတယ် ....အလှူတွေ လှူပြီးတိုင်း ရင်ထဲမှာ ဆုတောင်းမိတာက အမြဲ ဒီလို လှူနိုင် တန်းနိုင် ပေးနိုင် ကမ်းနိုင်တဲ့ သူမျိုးပဲဖြစ်ပါရစေ ဆိုတဲ့ ဆုတောင်းလေးပဲ ထပ်တောင်းမိတယ်....

ကျွန်မ သူဋ္ဌေးကြီး မဟုတ်ပါဘူး ချမ်းလည်းမချမ်းသာဘူး ဒါပေမယ့် ရှိသလောက်ကို လှူချင်နေတဲ့စေတနာလေးတော့ ချမ်းသာတယ်...." ဆိုပြီး ချစ်စရာကောင်းလောက်အောင် ရေးသားဖော်ပြထားပါတယ်။

သတင်း အရင်းအမြစ်Source - Poe Ei Ei Khant fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T