ပရိသတ်ကြီးရေ.. ဧရာလို့ဆိုလိုက်တာနဲ့ ရယ်စရာဟာသလေးတွေနဲ့ ပရိသတ်တွေကိုအမြဲရယ်မောစေခဲ့တဲ့ ပြည်သူချစ်အနုပညာရှင် လူရွှင်တော်တစ်ဦးကို အားလုံးပဲ မြင်ယောင်မိကြမှာပါနော်..။

ဦးဧရာကတော့ အသက်အရွယ်နဲ့ ကျန်းမာရေးအခြေအနေတွေကြောင့် အနုပညာအလုပ်တွေ နည်းပါးသွားနေပြီး အခုတစ်ခါမှာလည်း Covid ရောဂါ ကူးစက်ခံနေရတယ်လို့ သိရပါတယ်နော်..။

Photo Credit - လူရွှင်တော်ဧရာ Fb Acc
Photo Credit - လူရွှင်တော်ဧရာ Fb Acc

ဦးဧရာဟာ ကျန်းမာရေးချူချာနေတဲ့အပြင် Positive ဖြစ်လို့ အားလုံးကစိတ်ပူနေကြပြီး ဒီကနေ့လေးမှာတော့ ပရိသတ်တွေအားလုံးက စိတ်ပူဆုတောင်းပေးထားကြပါတယ်နော်..။

ပြီးခဲ့တဲ့ရက်ကမှ အောက်ဆီဂျင်ကျပြီး ဆေးရုံတက်ရာမှ ဆေးစစ်ပြီး covid 19 Positive အဖြေထွက်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်နော်..။

Photo Credit - လူရွှင်တော်ဧရာ Fb Acc
Photo Credit - လူရွှင်တော်ဧရာ Fb Acc

"လူရွှင်တော်

ညီ ဧရာ

ရောဂါဝေဒနာ အမြန်ဆုံးသက်သာပျောက်ကင်းပါစေ.." ဆိုပြီး မေတ္တာက ဆုတောင်းစကားလေးပြောထားတာ ဖြစ်ပါတယ်..။

ပရိသတ်တွေနဲ့ အခြားအနုပညာရှင်တွေကလည်း စိတ်ပူနေကြသလို အောင်သော်ကလည်း "ဆရာအစ်ကို ဧရာ အမြန် ကျန်းမာပါစေ.." ဆိုပြီးတော့လည်း ဆုတောင်းပေးထားပါသေးတယ်နော်..။

Photo Credit - လူရွှင်တော်ဧရာ Fb Acc
Photo Credit - လူရွှင်တော်ဧရာ Fb Acc

Source & Photo Credit - Myitter Myitter's Fb Acc 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။