ပါးဖောင်းဖောင်း နီတာရဲလေးနဲ့ ချစ်စရာကောင်းနေတဲ့ ဒုတိယမြောက်သမီးငယ်လေးကို ပရိသတ်တွေချစ်အားပိုအောင် live လေးလွှင့်ပြခဲ့တဲ့ အိအိတုန်ရဲ့ ဗီဒီယို

//s9.kh1.co/de/decd2f5896ca7e80a33b22636a4ea22cc8e7d896.jpg
အနုပညာရှင်များ

 ၀၁-ဒီ-၂၀၂၀ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ သရုပ်ဆောင်ဇာတ်ပို့ ၊ ဇာတ်ရံတစ်ယောက်ဖြစ်တဲ့ အိအိတုန်ကတော့ ဗီဒီယိုဇာတ်ကားတွေ နဲ့ ရုပ်ရှင်ဇာတ်တွေထဲမှာ ပါဝင်သရုပ်ဆောင်ရင်း အောင်မြင်မှုတွေရရှိခဲ့တာ ဖြစ်ပါတယ်။ ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေသလို ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းကိုလည်း လုပ်ကိုင်နေတာ တွေ့ရပါတယ်။ လက်ရှိမှာ အိအိတုန်က သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားပြီး အရမ်းချစ်တတ်တဲ့ ခင်ပွန်းသည်လေးကို ပိုင်ဆိုင်ထားတဲ့အပြင် ချစ်စရာသမီးလေးတစ်ယောက်ကိုလည်း မွေးထားပါသေးတယ်။

Photo Credit - Ei Tone fb account 
Photo Credit - Ei Tone fb account 
Photo Credit - Ei Tone fb account 
Photo Credit - Ei Tone fb account 

ပရိသတ်တွေရဲ့ အချစ်တော်အိအိတုန်က နိုဝင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်းလောက်က နောက်ထပ်ဒုတိယမြောက် သမီးရတနာလေးတစ်ယောက်ကို အောင်အောင်မြင်မြင်နဲ့ မွေးဖွားနိုင်ခဲ့ပါတယ်။ သမီးလေးကိုတော့ ဆေးရုံမှာဘဲ တက်ရောက်မွေးဖွားခဲ့တာဖြစ်ပြီး ဝဝကစ်ကစ်လေးနဲ့ ချစ်စရာကောင်းနေတာဖြစ်ပါတယ်။ ယနေ့မှာတော့ အိအိတုန်က ပရိသတ်နဲ့ အနုပညာမောင်နှမတွေ ချစ်အားပိုအောင် live လွှင့်ခဲ့ပါတယ်။

Photo Credit - Ei Tone fb account 
Photo Credit - Ei Tone fb account 
Photo Credit - Ei Tone fb account 
Photo Credit - Ei Tone fb account 

ဒီဗီဒီယိုလေးထဲမှာတော့ အိအိတုန်က သတင်းမေးတဲ့ ပရိသတ်တွေနဲ့ အနုပညာမောင်နှမတွေကို ကျန်းမာရေးကောင်းမွန်ကြောင်း စကားတွေပြောခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ဝဝကစ်ကစ် မျက်နှာဝိုင်းလေးနဲ့ လျှောက်ကြည့်နေတတ်တဲ့ သမီးငယ်လေးကိုလည်း ပရိသတ်တွေကို liveပြီးပြခဲ့ပါတယ်။ ကဲ..ပရိသတ်ကြီးရေ ဆေရုံတက်ပြီး ဒုတိယမြောက်သမီးလေးကို အောင်အောင်မြင်မြင်နဲ့ မွေးဖွားနိုင်ခဲ့ အိအိတုန်ကို အားပေးစကားလေး ပြောပေးခဲ့ပါဦးနော် ။

သတင်း အရင်းအမြစ်Video Credit & Source - Ei Tone fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T