ချစ်ပရိသတ်ကြီးရေ အပြုံးချိုချိုလေးတွေရယ်နဲ့ ပရိသတ်တွေကို အမြဲအချစ်ပိုစေသူလေး နန်းဆုရတီစိုးကိုတော့ အထူးတလည်မိတ်ဆက်စရာမလိုဘူးထင်ပါတယ်နော်။ဖြူဝင်းဥတဲ့ အသားရည်လေးရယ် သွယ်လျကျစ်လစ်ပြီး အဆီပိုမရှိတဲ့ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတာကြောင့် မိန်းကလေးတိုင်း အားကျနှစ်သက် ချစ်ခင်နေရသူလေးဆိုလည်းမမှားပါဘူးနော်။

Photo Credit : Nansu Yati Soe Facebook Page
Photo Credit : Nansu Yati Soe Facebook Page

နန်းဆုကတော့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ဆောင်နေတာဖြစ်ပြီး သီချင်းအသစ်လေးတွေလည်းထွက်ရှိထားတာဖြစ်ပါတယ်။နန်းဆုရဲ့အနုပညာလှုပ်ရှားမှုတိုင်းကိုလည်း သူမကိုချစ်ကြတဲ့ပရိသတ်တွေက တစ်ခဲနက်အားပေးဝန်းရံကြတာလည်းတွေ့မြင်ရပါတယ်။နန်းဆုရဲ့သီချင်းဟောင်းလေးတွေနဲ့သီချင်းသစ်တွေဟာဆိုရင် လူကြီးလူငယ်မရွေးကြိုက်နှစ်သက်ကြတာလည်းဖြစ်ပါတယ်။

Photo Credit : Nansu Yati Soe Facebook Page
Photo Credit : Nansu Yati Soe Facebook Page

သူမရဲ့လှုပ်ရှားမှုပုံရိပ်လေးတွေကိုလည်း အမြဲဖော်ပြလေ့ရှိတာတွေ့ရပြီး လတ်တလောမှာလည်း အဝါရောင်ဂါဝန်လွင့်လွင့်လေးနဲ့ အခါခါပြန်ကြည့်ချင်ရလောက်အောင် ချစ်စရာကောင်းလွန်းနေတဲ့ အမိုက်စားပုံလေးတွေကိုဖော်ပြထားတာတွေ့ရပါတယ် ။ပုံလေးတွေတိုင်းက ဆွဲဆောင်မှုရှိပြီးလှရက်လွန်းနေတာကြောင့် မျှဝေပေးလိုက်ပါတယ် ။

Photo Credit : Nansu Yati Soe Facebook Page
Photo Credit : Nansu Yati Soe Facebook Page

Source & Photo Credit : Nansu Yati Soe Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။