မိဘပိုက်ဆံမဟုတ်ဘဲ ကိုယ်တိုင်ရှာဖွေထားတဲ့ချွေးနှဲစာထဲကနေ အဖွဲ့သားတွေအတွက် ငါးထောင်တန်တွေချည်းပဲပိုက်ဆံကြဲပေး ခဲ့တဲ့ G ရဲ့ဗီဒီယို

//s9.kh1.co/cc/ccb027d09a105516a2028017ae370d49e652770a.jpg
အနုပညာရှင်များ

 ၀၁-ဒီ-၂၀၂၀ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

မိဘပိုက်ဆံမဟုတ်ဘဲ ကိုယ်တိုင်ရှာဖွေထားတဲ့ချွေးနှဲစာထဲကနေ အဖွဲ့သားတွေအတွက် ငါးထောင်တန်တွေချည်းပဲပိုက်ဆံကြဲပေး ခဲ့တဲ့ G ရဲ့ဗီဒီယို

ယခုလက်ရှိမှာ ကျင်းပပြုလုပ်နေတဲ့ "The Voice Myanmar" သီချင်းဆိုပြိုင်ပွဲကြီးမှာ ဝင်ရောက်ယှဥ်ပြိုင်ခဲ့တဲ့ G ကတော့ ပရိသတ်တွေရဲ့တစ်ခဲနက်အားပေးမှုကို ရရှိထားတာ ဖြစ်ပါတယ် ။ အနုပညာမျိုးရိုးကနေ ဆင်းသက်လာတဲ့ G က အဆိုတော်၊သရုပ်ဆောင်ထွန်းအိန္ဒြာဗိုလ်ရဲ့တူမချောလေးပဲ ဖြစ်ပါတယ် ။ G က ထူးခြားတဲ့ကိုယ်ပိုင်စတိုင်လ်လေးနဲ့ လွတ်လပ်ပေါ့ပါးစွာနေထိုင်တတ်တာကြောင့် အားလုံးရဲ့စိတ်ဝင်စားမှုကို ရရှိနေတာ ဖြစ်ပါတယ် ။

Photo Credit-G Vocals's FB Page
Photo Credit-G Vocals's FB Page
Photo Credit-G Vocals's FB Page
Photo Credit-G Vocals's FB Page
Photo Credit-G Vocals's FB Page
Photo Credit-G Vocals's FB Page

G က "ရွှေနန်းတော်" ရတနာဆိုင်ရဲ့သမီးလေးဖြစ်ပြီး ကြွယ်ဝချမ်းသာသူလေးဖြစ်ပေမယ့်လည်း မာန်မာနတွေကင်းစင်နေတာ ဖြစ်ပါတယ် ။ ဒါ့အပြင် G က ပရဟိတစိတ်ဓာတ်အပြည့်ရှိတာကြောင့် ယခုလက်ရှိ Covid ကာလမှာတောင် လူနာတင်ကားမောင်းပြီး ကုသိုလ်ယူနေတာ ဖြစ်ပါတယ် ။ လတ်တလောမှာတော့ G က Photo Shooting တွေတစ်ခုပြီးတစ်ခုရိုက်ကူးနေရတာဖြစ်ပြီး ပိုမိုအောင်မြင်လာတာ ဖြစ်ပါတယ် ။

Photo Credit-G Vocals's FB Page
Photo Credit-G Vocals's FB Page
Photo Credit-G Vocals's FB Page
Photo Credit-G Vocals's FB Page
Photo Credit-G Vocals's FB Page
Photo Credit-G Vocals's FB Page

မနေ့ညမှာတော့ G က သူမရဲ့ကိုယ်ပိုင်ချွေးနှဲစာလေးထဲကနေ အဖွဲ့သားတွေအတွက် ပိုက်ဆံကြဲပေးပြီး ကုသိုလ်ယူခဲ့တာ ဖြစ်ပါတယ် ။ G က "တစ်ရက်နောက်ကျပေမယ့် ဒီနေ့ ရှာထားတဲ့ပိုက်ဆံထဲက ၁၀၀၀၀၀ဖိုး ၅၀၀၀တန် (၂၀) ရွက် ပံ့သကူပစ်လိုက်ပါတယ်။" ဆိုပြီး ပီတိဖြစ်စရာကောင်းတဲ့ ဗီဒီယိုလေးကို တင်ထားတာဖြစ်ပါတယ်။ ကဲ အဖွဲ့သားတွေအတွက် အပျော်တွေဖန်တီးပေးခဲ့တဲ့ အဆိုတော်မလေး G ရဲ့ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။
Source & Video Credit-G Vocals's FB Page 

Photo Credit-G Vocals's FB Page
Photo Credit-G Vocals's FB Page
Photo Credit-G Vocals's FB Page
Photo Credit-G Vocals's FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T