မင်းသားချော စိုးသူရဲ့မွေးနေ့လေးကို စိုးမြတ်နန္ဒာနဲ့အတူ ပျော်စရာအမှတ်တရလေးတွေဖန်တီးပေးရင်း ပျော်ရွှင်နေတဲ့ သုသု

//s9.kh1.co/49/49faa1b6adc4c276d9d6b1aa7348f21e71a2a406.jpg
အနုပညာရှင်များ

 ၀၁-ဒီ-၂၀၂၀ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

မြန်မာနိုင်ငံရဲ့ ဒိတ်ဒိတ်ကြဲအလှဖန်တီးရှင်တစ်ဦးဖြစ်တဲ့အပြင် ဟာသလေးတွေလည်း မကြာခဏပြောတတ်တဲ့ မိတ်ကပ်ညီညီမောင်(စမ်းချောင်း) ကိုပရိသတ်ကြီးအားလုံးသိကြမယ်ထင်ပါတယ်နော်။ သူမဟာ ဟာသvideoလေးများကိုလည်း မကြာခဏရိုက်တင်တတ်သူလေးဖြစ်ပြီး ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုကိုရရှိထားတာဖြစ်ပါတယ်။ သုသုဟာ မိတ်ကပ်လောကမှာသာမက အနုပညာလုပ်ငန်းဘက်ကိုလည်း ခြေလှမ်းသစ်လှမ်းနေပြီဖြစ်ပါတယ်။

Photo credit-Nyi Nyi Maung's Facebook acc
Photo credit-Nyi Nyi Maung's Facebook acc
Photo credit-Nyi Nyi Maung's Facebook acc
Photo credit-Nyi Nyi Maung's Facebook acc

သုသုဟာ ကျားကျားကြိုက်ကြိုက်ဆိုတဲ့ရုပ်ရှင်ကားကြီးကိုလည်း ရိုက်ကူးထားတာဖြစ်ပြီး ပရိသတ်အားပေးလက်ခံမှု ရရှိထားတာဖြစ်ပါတယ်။ ဒါ့ပြင်သူမဟာ မိတ်ဆွေအပေါင်းအသင်းတွေနဲ့အတူ ပျော်ပျော်ပါးပါးနေတတ်တဲ့သူလေးဖြစ်ပြီးတော့ သူမရဲ့အခွီပုံစံလေးတွေကြောင့်လည်း ပရိသတ်တွေကသူမကို ပိုပြီးအချစ်တွေပိုနေရတာဖြစ်ပါတယ်နော်....။

Photo credit-Nyi Nyi Maung's Facebook acc
Photo credit-Nyi Nyi Maung's Facebook acc
Photo credit-Nyi Nyi Maung's Facebook acc
Photo credit-Nyi Nyi Maung's Facebook acc

ဒါ့ပြင်သုသုဟာ အနုပညာရှင်တွေနဲ့လည်း ညီအစ်ကိုမောင်နှမတွေလိုရင်းနှီးချစ်ခင်တဲ့သူလည်း ဖြစ်တာကြောင့် အနုပညာရှင်တွေကလည်း သုသုကိုအချစ်ပိုနေကြတာပါ။ မကြာသေးမီကလည်း သုသုဟာ သူမရဲ့ Facebookစာမျက်နှာလေးမှာ မင်းသားချောစိုးသူရဲ့ မွေးနေ့တုန်းကအမှတ်တရပုံလေးတွေကိုတင်ပေးခဲ့ပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Nyi Nyi Maung's Facebook acc
Photo credit-Nyi Nyi Maung's Facebook acc
Photo credit-Nyi Nyi Maung's Facebook acc
Photo credit-Nyi Nyi Maung's Facebook acc

သတင်း အရင်းအမြစ်Nyi Nyi Maung's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T