ပရိသတ်ကြီးရေ လေယာဉ်မယ်အလုပ်ကို စွန့်ခွာပြီး အနုပညာလောကထဲကို ဝင်ရောက်လာသူလေးကတော့ တက်သစ်စ သရုပ်ဆောင် မင်းသမီးချောလေး ခင်သဇင်ပဲဖြစ်ပါတယ်။ ခင်သဇင်က နှစ်လိုဖွယ်အပြုံးနဲ့ ချစ်စရာကောင်းတဲ့ ဟန်ပန်လေးအပြင် ကျစ်လစ်သွယ်လျတဲ့ ကိုယ်ခန္ဓာလေးကြောင့် ပုရိသပရိသတ်တွေ အသည်းစွဲအားပေးချစ်ခင်ခြင်းကို ခံရတဲ့ သူလေးဆိုရင်လည်း မမှားနိုင်ပါဘူးနော်။ 

Photo Credit : Khin Thazin Facebook Account
Photo Credit : Khin Thazin Facebook Account

ခင်သဇင်က Mrtv-4ဇာတ်လမ်းတွဲတွေမှာ အများဆုံးပါဝင်သရုပ်ဆောင်နေပြီး ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ဝါရင့်သရုပ်ဆောင်တွေနဲ့အတူ ရိုက်ကူးနေတာကိုလည်း တွေ့ရပါတယ်။မိန်းကလေးတစ်ယောက်မှာရှိသင့်တဲ့ အရည်းအချင်းနဲ့ပြည့်စုံတဲ့အလှတွေကို ပိုင်ဆိုင်ထားသူတစ်ယောက်ဖြစ်တာကြောင့် မိန်းကလေးအများစု အားကျနှစ်သက်နေရတာလည်းဖြစ်ပါတယ်။

Photo Credit : Khin Thazin Facebook Account
Photo Credit : Khin Thazin Facebook Account

အလုပ်ကြိုးစားသလို အလှူအတန်းနဲ့ ပရဟိတလုပ်ငန်းတွေကိုလည်း အမြဲပါဝင်လုပ်ကိုင်တတ်သူလည်းဖြစ်ပါတယ် ။လတ်တလောမှာလည်း အမေ့ကိုရည်စူးပြီးကျောင်းဆောင်လေး ဆောက်လုပ်ကာလှူဒါန်းခဲ့တဲ့ အလှူပုံလေးတွေကို အမှတ်တရဖော်ပြခဲ့ရာ ပရိသတ်ကြီးလည်း သာဓုခေါ်နိုင်စေရန် မျှဝေပေးလိုက်ပါတယ်။

Photo Credit : Khin Thazin Facebook Account
Photo Credit : Khin Thazin Facebook Account

Source & Photo Credit : Khin Thazin Facebook Account

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။