မြန်မာသံသီချင်းလေးကို သားကြီးလေးက ကီဘုတ်လေးတီးပေးပြီး မိသားစုတွေ ပျော်ပျော်ပါးပါး သီချင်းဆိုနေတဲ့ နေထူးနိုင်ရဲ့ကြည်နူးစရာ ဗီဒီယို

//s9.kh1.co/80/80e5b24fa3a850723361fafaad9dd8796ce6fcef.jpg
အနုပညာရှင်များ

 ၀၁-ဒီ-၂၀၂၀ ၂pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ အက်ရှင်မင်းသားလို့ အများကခေါ်ကြပြီး အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းလာသူကတော့ နေထူးနိုင်ပဲ ဖြစ်ပါတယ်။ နေထူးနိုင်က ဗီဒီယို ဇာတ်ကားတွေကို ကိုယ်တိုင်ရိုက်ကူးသရုပ်ဆောင်သလို ဇာတ်ကားထုတ်လုပ်မှုကိုလည်း တည်ထောင်ထားတာ ဖြစ်ပါတယ်။ ယနေ့အချိန်ထိလည်း အနုပညာအလုပ်ကို အောင်မြင်မှုတွေရရှိအောင် ကြိုးစားလုပ်ကိုင်ပြီး ပရိသတ်ရဲ့ အချစ်တွေကိုလည်း တစ်နေ့ထပ်တစ်နေ့ ပိုပြီး ရရှိလာခဲ့ပါတယ်။

Photo Credit - Nay Htoo Naing fb account
Photo Credit - Nay Htoo Naing fb account
Photo Credit - Nay Htoo Naing fb account
Photo Credit - Nay Htoo Naing fb account

နေထူးနိုင်ကတော့ မင်းသမီးမြသင်းချယ်နဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရေးလေးတည်ဆောက်ထားပြီး ချစ်စရာသားလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားပါတယ်။ နေထူးနိုင်က အနုပညာအလုပ်တွေလုပ်ကိုင်ရင်း မိသားစုပေါ်မှာလည်း တာဝန်ကျေတဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ဖြစ်ကာ ပျော်ရွှင်စရာလေးတွေလည်း အမြဲဖန်တီးပေးတာ တွေ့ရပါတယ်။ ယခုမှာတော့ နေထူးနိုင်က ပရိသတ်တွေ ကြည်နူးစေမယ့် ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Nay Htoo Naing fb account
Photo Credit - Nay Htoo Naing fb account
Photo Credit - Nay Htoo Naing fb account
Photo Credit - Nay Htoo Naing fb account

ဒီဗီဒီယိုလေးထဲမှာတော့ သားအကြီးလေး ကီဘုတ်လေးတီးပြီး ဖေဖေမေမေနဲ့ ညီလေးက တစ်ခေတ်တခါက ခေတ်စားခဲ့တဲ့ မြန်မာသံတေးသီချင်းလေးကို ဆိုနေကြတာဖြစ်ပါတယ်။ သားလေးကလည်း အရွယ်နဲ့ မလိုက်အောင်အနုပညာကို ထူးချွန်နေပြီး မိသားစုတွေပျော်ပျော်ပါးပါး သီချင်းဆိုနေတာလေးကတော့ ကြည်နူးစရာကောင်းလောက်ပါတယ်။ ချစ်တဲ့ ပရိသတ်တွေလည်း နေထူးနိုင်တို့ရဲ့ မိသားစုလေးရဲ့ ဗီဒီယိုလေးကို သဘောကျမယ်လို့ မျှော်လင့်မိပါတယ်။

သတင်း အရင်းအမြစ်Video Credit & Source - Nay Htoo Naing fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T