ပရိသတ်ကြီးရေ.. အနုပညာလောကမှာ သရုပ်ဆောင်ကောင်းပြီး ပရိသတ်အချစ်တွေအပြင် ကြည်နူးပျော်စရာမိသားစုဘဝလေးကို ပိုင်ဆိုင်ဖြတ်သန်းနေသူကတော့ မင်းသမီးချောရတနာပဲ ဖြစ်ပါတယ်နော်..။

ချောရတနာကတော့ ချစ်ခင်ပွန်းအပြင် သားလေးတစ်ယောက် သမီးလေးတစ်ယောက်ကို မွေးဖွားပိုင်ဆိုင်ထားပြီး အေးချမ်းပျော်ရွှင်တဲ့ မိသားစုပုံရိပ်လေးတွေကိုလည်း ဝေမျှတတ်ပါသေးတယ်..။

Photo Credit - Chaw Yadanar's Fb Acc
Photo Credit - Chaw Yadanar's Fb Acc
Photo Credit - Bling Bling Photography

ချောရတနာကတော့ ဒီကနေ့လေးမှာ ကျရောက်လာတဲ့ သူမတို့ဇနီးမောင်နှံတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့လေးမှာ အမှတ်တရပုံလေးတွေကို ပြန်လည်ဝေမျှလာပါတယ်နော်..။

ချစ်ခင်ပွန်းနဲ့လက်တွဲလာခဲ့တာ ဒီကနေ့နဲ့ဆိုရင် (၁၃)နှစ်ပြည့်သွားခဲ့ပြီဖြစ်ပြီး သမီးရည်းစားဘဝက အမှတ်တရလေးတွေကိုလည်း စနောက်ကျီစယ်ကာ ပြောလာထားပါတယ်နော်..။

Photo Credit - Chaw Yadanar's Fb Acc
Photo Credit - Chaw Yadanar's Fb Acc
Photo Credit - Chaw Yadanar's Fb Acc

(၂၀၀၂)ခုနှစ်ကတည်းက သူမကို ချစ်ခဲ့တဲ့ခင်ပွန်းဖြစ်သူနဲ့ (၂၀၀၇)နှစ်မှာ ရေစက်ပြန်ဆုံပြီး သမီးရည်းစားဘဝနဲ့ ချစ်ခဲ့တာ (၅)နှစ် အိမ်ထောင်သက်(၈)နှစ်ပြည့်သွားခဲ့တာမို့ အခုဆိုရင် (၁၃)နှစ်ပြည့်သွားခဲ့ပြီ ဖြစ်ပါတယ်နော်..။

ဒီကနေ့လေးမှာ Anniversary နေ့လေးကျရောက်လာတဲ့ ချောရတနာတို့ဇနီးမောင်နှံတို့ရဲ့ ပျော်စရာနေ့လေးကို ပရိသတ်တွေကလည်း ဂုဏ်ပြုစကားလေးတွေ ဆိုထားကြတာလည်း တွေ့ရပါဆယ်နော်..။

Photo Credit - Chaw Yadanar's Fb Acc
Photo Credit - Chaw Yadanar's Fb Acc
Photo Credit - Chaw Yadanar's Fb Acc

Source & Photo Credit - Chaw Yadanar's Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။