ရိုးရှင်းအေးချမ်းတဲ့ မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိရှိ လှသွေးကြွယ်ကာ ချစ်ဖို့ကောင်းနေတဲ့ ဘေဘီမောင်

//s9.kh1.co/e9/e964671202390665d1488a3fe8cd827e03b7cb87.jpg
အနုပညာရှင်များ

 ၀၁-ဒီ-၂၀၂၀ ၄pm · လွန်ခဲ့သော ၃ နှစ် က

.

 မင်းသမီးချောလေး ဘေဘီမောင်က အောင်မြင်နေတဲ့ သရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ပဲဖြစ်ပြီး ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကို အပြည့်အဝရရှိခဲ့တာ ဖြစ်ပါတယ်။ မော်လ်ဒယ်တစ်ယောက်အနေနဲ့ အနုပညာနယ်ပယ်မှာ စတင်ရပ်တည်ခဲ့ပြီး နောက်ပိုင်းသူမရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့်လည်း ပြည်သူချစ်တဲ့ မင်းသမီးတစ်ယောက်ဖြစ်လာခဲ့ပါတယ်။လက်ရှိမှာလည်း အနုပညာအလုပ်တွေကိုလုပ်ကိုင်နေရင်း ကိုယ်ပိုင်စီးပွားရေး အလုပ်ကိုလည်း လုပ်ကိုင်နေခဲ့ပါတယ်။

Photo Credit - Thar Gan
Photo Credit - Thar Gan
Photo Credit - Thar Gan
Photo Credit - Thar Gan
Photo Credit - Thar Gan
Photo Credit - Thar Gan

သူမက ဆွဲဆောင်မှုရှိတဲ့ ပင်ကိုယ်အလှတရားတွေကို ပိုင်ဆိုင်ထားသလို ချစ်စရာအပြုံးလေးတွေနဲ့ လှနေသူလေးပဲဖြစ်ပါတယ်။ မြန်မာဆန်ဆန်ဝတ်စုံလေးတွေကို ဝတ်ဆင်ရတာကို ပိုပြီးသဘောကျကြိုက်နှစ်သက်တာကို တွေ့ရပါတယ်။ ယခုမှာလည်း ဘေဘီမောင်က ပရိသတ်တွေ ချစ်အားပိုမယ့် ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Thar Gan
Photo Credit - Thar Gan
Photo Credit - Thar Gan
Photo Credit - Thar Gan

ဒီပုံလေးတွေထဲမှာတော့ ဘေဘီမောင်က ရိုးရှင်းအေးချမ်းတဲ့ အဝါရောင်ဖက်ရှင်ဝတ်စုံလေးနဲ့ ကျက်သရေရှိရှိ ချစ်စရာကောင်းနေတာ ဖြစ်ပါတယ်။ ဒီပုံလေးတွေနဲ့လည်း ဘေဘီမောင်က " ရာသီဥတုကမအေးပေ့မယ့် နှလုံးသားကအေးချမ်းပါတယ်လေ" ဆိုတဲ့ Caption လေးနဲ့လည်း ရေးသားဖော်ပြထားပါတယ်။ ကဲ..ပရိသတ်ကြီးရေ မြန်မာဝတ်စုံလေးနဲ့ ချစ်စရာကောင်းနေတဲ့ ဘေဘီမောင်ရဲ့ ပုံလေးတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Source - Baby Maung fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T