မေမေရဲ့ အချောအလှတွေအကုန်စုပြုံရရှိထားကြပြီး တစ်ယောက်တစ်မျိုးစီချစ်ဖို့ကောင်းနေတဲ့ နန္ဒာလှိုင်ရဲ့သမီးလေး ရတီနဲ့ မဒီ

//s9.kh1.co/2f/2f966968d551666d81fa16331a7683152e068f87.jpg
အနုပညာရှင်များ

 ၀၁-ဒီ-၂၀၂၀ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်တွေရဲ့အချစ်တွေကို အခိုင်အမာရရှိထားကြတဲ့ အနုပညာရှင်တွေထဲမှာဆိုရင် အကယ်ဒမီ မင်းသမီးချောနန္ဒာလှိုင်ကတော့ ယနေ့အချိန်ထိ ပရိသတ်တွေရဲ့ အချစ်တွေကို သိမ်းပိုက်ထားနိုင်တဲ့ သူပဲဖြစ်ပါတယ်နော်။ သူမဟာ အခုလက်ရှိမှာဆိုရင်အနုပညာအလုပ်တွေကို ရပ်နားထားပြီး သာယာပျော်ရွှင်ဖွယ်မိသားစုဘ၀လေးကို ခင်ပွန်းဖြစ်သူရယ် သမီးလေးသုံးယောက်ရယ်နဲ့အတူ ပျော်ရွှင်စွာဖြတ်သန်းနေတာပါ။

Photo credit-Nandar Hlaing's Facebook acc
Photo credit-Nandar Hlaing's Facebook acc
Photo credit-Nandar Hlaing's Facebook acc
Photo credit-Nandar Hlaing's Facebook acc

နန္ဒာလှိုင်ရဲ့သမီးလေး သုံးယောက်ကလည်း အရွယ်နဲ့မလိုက်အောင်ကို တစ်ယောက်တစ်မျိုး ချစ်စရာကောင်းနေကြတာဖြစ်ပြီး ဖေဖေနဲ့မေမေတို့ရဲ့အသည်းကျော်လေးတွေ ဖြစ်ပါတယ်။ နန္ဒာလှိုင်ဟာ သမီးလေးတွေအပေါ်ကို အစစအရာရာဂရုစိုက်တတ်တဲ့ မိခင်ကောင်းတစ်ဦးဖြစ်တာကြောင့် သမီးလေးတွေရဲ့ပညာရေးဘက်မှာလည်း သေချာဂရုစိုက်ပေးလေ့ရှိတဲ့သူပါနော်။

Photo credit-Nandar Hlaing's Facebook acc
Photo credit-Nandar Hlaing's Facebook acc
Photo credit-Nandar Hlaing's Facebook acc
Photo credit-Nandar Hlaing's Facebook acc

နန္ဒာလှိုင်ရဲ့ သမီးလေးသုံးယောက်လုံးနာမည်လေးတွေကလည်း ဇေ၀တီ၊ဇေရတီနဲ့ ဇေမဒီဆိုပြီး မှည့်ထားတာဖြစ်ပြီးတော့ သုံးယောက်လုံးဟာလည်း နာမည်လှလှလေးတွေအပြင် တစ်ယောက်တစ်မျိုးစီနဲ့ ချစ်စရာကောင်းနေတာပါ။ မကြာသေးမီကလည်း နန္ဒာလှိုင်ဟာ သူမရဲ့ Facebookစာမျက်နှာမှာ "ဖားအံမှာစိုက်ထားတဲ့သဇင်ပန်းလေးတွေ ဖွားဖွားပန်ထားပေးတာပါ" ဆိုတဲ့ captionလေးနဲ့အတူ သမီးလေးရတီနဲ့ မဒီရဲ့ပုံလေးတွေတင်ပေးခဲ့ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Nandar Hlaing's Facebook acc
Photo credit-Nandar Hlaing's Facebook acc
Photo credit-Nandar Hlaing's Facebook acc
Photo credit-Nandar Hlaing's Facebook acc

သတင်း အရင်းအမြစ်Nandar Hlaing's Facebook acc

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T