အရမ်းတန်ဖိုးကြီးတဲ့လက်စွပ်ကို ချစ်သူကငါးမျှားချိတ်မှာချိတ်ပြီး Surpriseလုပ်ကာလက်ထပ်ခွင့်တောင်းလို့ ဝမ်းသာမျက်ရည် ကျခဲ့ရတဲ့ အောန်ဆိုင်း

//s9.kh1.co/a6/a669b6c6200b7c94e4f5d151852dec4c1f5e66bc.jpg
အနုပညာရှင်များ

 ၀၁-ဒီ-၂၀၂၀ ၈pm · လွန်ခဲ့သော ၃ နှစ် က

အရမ်းတန်ဖိုးကြီးတဲ့လက်စွပ်ကို ချစ်သူကငါးမျှားချိတ်မှာချိတ်ပြီး Surprise လုပ်ကာလက်ထပ်ခွင့်တောင်းလို့ ဝမ်းသာမျက်ရည် ကျခဲ့ရတဲ့ အောန်ဆိုင်း

Super Model အောန်ဆိုင်းကတော့ မော်ဒယ်လ်လောကမှာ မသိသူမရှိလောက်အောင်ကို လျှမ်းလျှမ်းတောက် အောင်မြင်ကျော်ကြားနေတဲ့သူလေး ဖြစ်ပါတယ် ။ အောန်ဆိုင်းက ရှိုးပွဲပေါင်းများစွာကိုလျှောက်လှမ်းခဲ့ရသလို အနုပညာအလုပ်တွေလုပ်ကိုင်ရင်း နာမည်ရလာခဲ့တာ ဖြစ်ပါတယ် ။ အခုတော့ အောန်ဆိုင်းက သူမအရမ်းချစ်ရတဲ့ချစ်သူဆီကနေ လက်ထပ်ခွင့်တောင်းခံလိုက်ရလို့ အတိုင်းမသိ ဝမ်းသာပီတိဖြစ်ကာ မျက်ရည်ပါကျခဲ့ရတာ ဖြစ်ပါတယ် ။ အောန်ဆိုင်းရဲ့ချစ်သူကတော့ အဖိုးတန်လက်စွပ်ကို ငါးမျှားချိတ်မှာချိတ်ပြီး Propose လုပ်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-"Awn Seng-Elizabeth"FB Page
Photo Credit-"Awn Seng-Elizabeth"FB Page
Photo Credit-"Awn Seng-Elizabeth"FB Page
Photo Credit-"Awn Seng-Elizabeth"FB Page

အောန်ဆိုင်းက "Happy sweet December everyone ဒီဗီဒီယိုလေးတင်ဖို့စောင့်နေတာကြာပါပြီ ၊ ကိုဗစ်ကြောင့် လူတိုင်းမပျော်နိုင်လို့ အောန်ဆိုင်းရဲ့ မင်္ဂလာသတင်းလေးကိုမတင်ဖြစ်သေးတာပါ ၊ ဒီနေ့တော့နှစ်ကုန်လည်းဖြစ် အော်န်ရဲ့မွေးလလေးလည်းဖြစ်လို့ အားလုံးဝမ်းသာရအောင်တင်လိုက်ပါတယ်နော်ကျွန်မရဲ့ ဘဝလက်တွဲဖော်ကိုအားလုံးနဲ့ သေချာမိတ်ဆက်ပေးချင်ပါတယ် ၊ သူ့နာမည်က CARL ( ဖုန်းကျော်မိုးမြင့်ပါ) ၊ ဒီဗီဒီယိုလေးက မေလ၂၃ တည်းကရိုက်ထားတာပါ ၊ CARL ရဲ့ surprise proposal လေးကအရမ်းကို sweet ဖြစ်ပါတယ် ၊ ကျွန်မ မသိအောင်သူကြိတ်ပြီး plan ထားတာတော်တော်ကြာပြီပြောပါတယ် ၊ အဲ့နေ့ အမှတ်တရလေးကိုပြောပြမယ်နော် ၊ Carl က ငါးမျှားတဲ့ Vlog လေးရိုက်ချင်လို့ ဝင်ရိုက်ပေးပါဆိုပြီး အော်န်ကိုပြောထားပေမယ့် အဲ့နေ့ကသူကသူငယ်ချင်းတွေ၊ ဆွေမျိုး၊ မောင်နှမ၊ မိဘ အကုန်လုံးကြိုခေါ်ထားပါတယ် ၊ အကုန်လုံးကပုန်းနေကြတာပေါ့ "

Photo Credit-"Awn Seng-Elizabeth"FB Page
Photo Credit-"Awn Seng-Elizabeth"FB Page
Photo Credit-"Awn Seng-Elizabeth"FB Page
Photo Credit-"Awn Seng-Elizabeth"FB Page

"ကျွန်မအတွက် လက်စွပ်လေးစီစဉ်တာက အမေအရင်းသဖွယ် ချစ်ရတဲ့ mommy ကိုယ်တိုင်ရွေးပြီး လက်စွပ်အကြောင်းပြောပြတဲ့ အင်တာဗျူးလေးကတော့ ကျွန်မအတွက်တန်ဖိုးမဖြတ်နိုင်တဲ့ အမှတ်တရပါပဲ မေ ၂၃ မှာတော့ ငါးမျှားရင်းနဲ့ ငါးမိပြီဆိုပြီး လက်စွပ်နဲ့ Carl ရဲ့လက်ထပ်ခွင့်တောင်းချိန်မှာတော့ ကျွန်မအတွက် ဝမ်းသာ အံ့ဩပြီး မျက်ရည်တောင်ကျခဲ့ပါတယ် ၊ သူ့အတွက်တော့ အကြီးမားဆုံး ငါးကြီးမိပြီဆိုပြီး အဲ့ video လေးကို “The Greatest catch “လို့ နာမည်ပေးဖြစ်သွားတာပါ ၊ ကျွန်မက Yes လို့ ဖြေပြီးချိန်မှာတော့ ခုနက ပုန်းနေတဲ့ သူတွေအားလုံး ဘွားခနဲပေါ်လာပြီး တူတူပျော်ရွှင်ကြပါတယ် ဒီလို ၂ ယောက်အတူလျောက်လှမ်းမယ့် ဘဝခရီးကိုအမှတ်တရပေါင်းများစွာနဲ့ ဖန်တီးပေးတဲ့ လက်တွဲဖော် the love of my life Carl ကိုကျေးဇူးတင်ပါတယ်"

Photo Credit-"Awn Seng-Elizabeth"FB Page
Photo Credit-"Awn Seng-Elizabeth"FB Page
Photo Credit-"Awn Seng-Elizabeth"FB Page
Photo Credit-"Awn Seng-Elizabeth"FB Page
Photo Credit-"Awn Seng-Elizabeth"FB Page
Photo Credit-"Awn Seng-Elizabeth"FB Page

"အကောင်းဆုံးဆုတောင်းတွေနဲ့ အဖေအရင်း အစ်ကိုအရင်းသဖွယ် ကြိုဆိုကြတဲ့ Dada နဲ့ ကိုစည်သူကိုလည်း ကျွန်မအတွက်တော့ ဘုရားသခင်ကောင်းချီးပေးခြင်းပါ ၊ အဲ့နေ့က အချိန်ပေးလာရောက်ပါဝင်ပေးကြတဲ့ သူငယ်ချင်းမိတ်ဆွေအားလုံးအားလုံးကိုကျေးဇူးတင်ပါတယ် ၊ ကျွန်မနဲ့ Carl ရဲ့ရှေ့ဆက်ရမယ့်ဘဝခရီးကို အကောင်းဆုံးလျောက်လှမ်းဖို့ ပြင်ဆင်နေပါတယ် ၊ အောန်ကိုချစ်တဲ့ ပရိသတ်ကြီးလည်း တူတူ ဝမ်းသာရအောင် တင်ပေးလိုက်ပါတယ်နော် ၊ ပျော်ရွှင်ခြင်း ဝမ်းမြောက်ခြင်းတွေသယ်ဆောင်လာပေးမယ့် December လလေးဖြစ်ပါစေ..Love Awn & Phone Kyaw Moe Myint" ဆိုပြီး ဗီဒီယိုလေးကိုတင်ထားတာဖြစ်လို့ ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-"Awn Seng-Elizabeth"FB Page

Photo Credit-"Awn Seng-Elizabeth"FB Page
Photo Credit-"Awn Seng-Elizabeth"FB Page
Photo Credit-"Awn Seng-Elizabeth"FB Page
Photo Credit-"Awn Seng-Elizabeth"FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T