အဖွားဖြစ်သူ ချိုပြုံးကို မျက်လုံးပိတ်ကာ ဖက်ရှင်လေးတွေရွေးခိုင်းပြီး ဝတ်ဆင်ရတာကို ပျော်ရွှင်ကြည်နူးစွာ ဆော့ကစားထားတဲ့ ဝင်းခန့်မိုးရဲ့ tik tok ဗီဒီယို

//s9.kh1.co/ea/eade1755fbf806123c9ee56a5d8669f6601942ca.jpg
အနုပညာရှင်များ

 ၀၁-ဒီ-၂၀၂၀ ၈pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ မော်လ်ဒယ်သရုပ်ဆောင် ဝင်းခန့်မိုး ကတော့ အကယ်ဒမီ ရွှေကြိုမှာ ဝင်ရောက်အားဖြည့်ရင်း နောက်ပိုင်းမှာ အနုပညာအလုပ်တွေ လုပ်ကိုင်လာတဲ့သူပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အနုပညာအလုပ်တွေကို ကြိုးစားလုပ်ကိုင်နေသလို နှုတ်ခမ်းနီမလေးတွေ ရဲ့ အားပေးဝန်းရံမှုကိုလည်း ရရှိထားတာဖြစ်ပါတယ်။ ဝင်းခန့်မိုးကတော့ ဝါရင့်သရုပ်ဆောင် မင်းသမီးကြီးဖြစ်တဲ့ အကယ်ဒမီ ချိုပြုံးရဲ့ မြေးလေးတစ်ယောက်လည်း ဖြစ်ပါတယ်။

Photo Credit - Win Khant Moe fb account
Photo Credit - Win Khant Moe fb account
Photo Credit - Win Khant Moe fb account
Photo Credit - Win Khant Moe fb account

ဖွားဖွားချိုပြုံးကလည်း မြေးလေးကိုအရမ်းချစ်ပြီး သူ့ရဲ့ အနုပညာအမွေတွေကိုပေးကာ ထူးချွန်တဲ့ သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်အောင်လည်း ပံ့ပိုးပေးတာတွေ့ရပါတယ်။ လတ်တလော ကိုဗစ်တိုက်ဖျက်ရေးအချိန်ကာလလေးမှာတော့ မြေးဖွားနှစ်ယောက်က tik tok လေးတွေ ဆော့ကစားပြီး အမြဲဖော်ပြပေးပါတယ်။ ယခုမှာလည်း ဝင်းခန့်မိုး က ပရိသတ်တွေ ချစ်အားပိုလောက်မယ့် tik tok လေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Win Khant Moe fb account
Photo Credit - Win Khant Moe fb account
Photo Credit - Win Khant Moe fb account
Photo Credit - Win Khant Moe fb account

ဒီဗီဒီယိုလေးထဲမှာတော့ မြေးလေးဝင်းခန့်မိုးက ဖွားဖွားဖြစ်သူကို မျက်လုံးပိတ်ပြီး ကြိုက်ရာဖက်ရှင်လေးကို ရွေးခိုင်းကာ ဝတ်ဆင်ရတဲ့ ကစားနည်းလေးကို ပျော်ပျော်ပါးပါး ဆော့ကစားထားတာ ဖြစ်ပါတယ်။ ဒီဗီဒီယို လေးနဲ့လည်း ဝင်းခန့်မိုး က " ကျွန်တော့် အဖွား မမိုက်ဘူး လို့ မပြောနဲ့ဗျာ "ဆိုပြီး ရေးသားထားပါတယ်။ ကဲ..... ချစ်ပရိသတ်ကြီးလည်း ချိုပြုံးတို့ မြေးဖွားနှစ်ယောက်ရဲ့ tik tok ဗီဒီယိုလေးကို သဘောကျမယ်လို့ မျှော်လင့်မိပါတယ်။

သတင်း အရင်းအမြစ်Video Credit & Source - Win Khant Moe fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T