ချစ်ပရိသတ်ကြီးရေ အဆိုတော် Rဇာနည်ကတော့ အနုပညာလှုပ်ရှားမှု အားလပ်ချိန်တွေမှာ မိသားစုကို အချိန်ပေးကာ ကုန်ဆုံးလေ့ရှိသူပါ။ Rဇာနည်က ချစ်ဇနီးချောလေး Oneနဲ့ သစ္စာရှိစွာ လက်တွဲခိုင်မြဲလာတာဆိုရင် မဂ်လာသက်တမ်း ၁၇နှစ်ကျော်ခဲ့ပြီလည်း ဖြစ်ပါတယ်။ အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာတော့ သားသားလေး နှစ်ယောက်နဲ့ သမီးငယ်လေး တစ်ယောက်ကိုလည်း ပိုင်ဆိုင်ထားတာပါ။

Photo credit - Phit Phit Chit Chit Mhit Mhit's Facebook Page
Photo credit - Phit Phit Chit Chit Mhit Mhit's Facebook Page

ပြီးပြည့်စုံပြီး သာယာပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်တဲ့ အဆိုတော် Rဇာနည်ရဲ့ ဘဝလေးကို မြင်သူတိုင်းက အားကျအချစ်ပိုနေတာပါ။ Rဇာနည်ကလည်း ဖခင်ကောင်းတစ်ယောက်ပီသပြီး မိသားစုကို အလေးထား ချစ်ခင်တာကြောင့် သူရဲ့ စိတ်ဓာတ်လေးကို ပရိသတ်တွေသာမကပဲ အနုပညာရှင်အချင်းချင်းကပါ သဘောကျနေတာပဲ ဖြစ်ပါတယ်။

Photo credit - Phit Phit Chit Chit Mhit Mhit's Facebook Page
Photo credit - Phit Phit Chit Chit Mhit Mhit's Facebook Page

Rဇာနည်က ယနေ့မှာလည်း သူရဲ့ သားနှစ်ယောက်နဲ့အတူ အရုပ်ဆက်ကာ ဆော့ကစားပေးနေတာဖြစ်ပြီး အဆုံးမှာ အမိုက်စား သေနတ်ပုံလေးရသွားတာကြောင့် အတိုင်းမသိပျော်ရွှင်နေတာပါ။ ဖစ်ဖစ်နဲ့ ချစ်ချစ်ဟာဆိုရင်လည်း ဖေဖေတည်ဆောက်ပေးထားတဲ့ သေနတ်လေးနဲ့ ဆော့ကစားကာ ပျော်နေတာကြောင့် အမှတ်တရဓာတ်ပုံလေးတွေရိုက်ပြီး " Today we built a Crazy Gun out of lego " ဆိုတဲ့ စာသားလေးနဲ့အတူ လူမှုကွန်ယက်ထက်မှာ မျှဝေလာတာကြောင့် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်.....။

Photo credit - Phit Phit Chit Chit Mhit Mhit's Facebook Page
Photo credit - Phit Phit Chit Chit Mhit Mhit's Facebook Page
Photo credit - Phit Phit Chit Chit Mhit Mhit's Facebook Page
Photo credit - Phit Phit Chit Chit Mhit Mhit's Facebook Page
Photo credit - Phit Phit Chit Chit Mhit Mhit's Facebook Page

Source & Photo credit - Phit Phit Chit Chit Mhit Mhit's Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။