အသံဩဇာရှိလွန်းလှပြီး နှုတ်ခမ်းနီမလေးတွေ တဖြုတ်ဖြုတ်ကြွေနေရသူလေးကတော့ သရုပ်ဆောင် မင်းသားချောလေး ကျော်ထက်အောင်ပဲ ဖြစ်ပါတယ်။ သူဟာ Presenter လောကမှတစ်ဆင့် အနုပညာလောကထဲသို့ ဝင်ရောက်လာတာလည်း ဖြစ်ပြီး ပထမဆုံးရိုက်ကူးတဲ့ ရုပ်ရှင်ဇာတ်ကားမှာတင် ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို သိမ်းပိုက် ရရှိထားတာလည်း ဖြစ်ပါတယ်။

Photo Crd- Kyaw Htet Aung-Idol’s Facebook Page
Photo Crd- Kyaw Htet Aung-Idol’s Facebook Page
Photo Crd- Kyaw Htet Aung-Idol’s Facebook Page

ကျော်ထက်အောင်ဟာ အသံပါဝါလည်း ကောင်းလွန်းသူဖြစ်တာကြောင့် အဆိုတော်တစ်ချို့နဲ့ စုံတွဲသီချင်းများတွင်လည်း ပါဝင်သီဆိုလေ့ရှိတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့အနုပညာလှုပ်ရှားမှုတွေတိုင်းကိုလည်း ပရိသတ်တွေကို အမြဲတင်ဆက်ပေးနေကျပဲ ဖြစ်ပါတယ်။ မနေ့ညကလည်း ကျော်ထက်အောင်ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Kyaw Htet Aung-Idol’s Facebook Page
Photo Crd- Kyaw Htet Aung-Idol’s Facebook Page
Photo Crd- Kyaw Htet Aung-Idol’s Facebook Page

ဒါကတော့ ခိုင်သင်းကြည်ရေချိုးဖို့ကိုယ်တိုင်ရေထမ်းထည့်ပေးနေတဲ့ ကျော်ထက်အောင်ရဲ့ရိုက်ကွင်းဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ သူကလည်း " Tuestory

‘တင်မောင်ဝင်း’ ကိုမှတ်မိကြမယ်ထင်ပါ့ဗျာ...

‘တင်မောင်ဝင်း’ ဆိုတာနဲ့ ဘာကားလည်း ဘယ်သူနဲ့လည်းဆိုတာ အလွတ်ရနေတယ်ဟုတ်....

“ဘဲဥမ” ကိုရေချိုးပေးတဲ့အခန်းလေးရိုက်ခဲ့စဉ်က ဇာတ်ကားထဲ မကြားရတဲ့ dialogue လေးတွေပါကြားရလို့ ကြည့်ရှုသူတွေ ပိုပြီး ပျော်မယ်ထင်ပါတယ်....

မိခင် ထုတ်လုပ်ရေး “အောင်ခေတ်မင်း” ရဲ့သုံးကားမြောက်... “စရိုက်” ရုပ်ရှင်ဇာတ်ကားကြီး... ရိုက်ကွင်းအမှတ်တရ... " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည်ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Kyaw Htet Aung-Idol’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။