ရိုးမြေကျပေါင်းသင်းလာတဲ့ ချစ်ခင်ပွန်းချောချောလေးကို ဘယ်တော့မှအချစ်မပြယ်ဘဲ အစစအရာရာဂရုစိုက်ပေးတဲ့ နိုင်းနိုင်းရဲ့ချစ်ဇနီး

//s9.kh1.co/5c/5c2c7152bab9490f61776bc5ff134c444559d5f5.jpg
အနုပညာရှင်များ

 ၀၂-ဒီ-၂၀၂၀ ၉am · လွန်ခဲ့သော ၃ နှစ် က

ရိုးမြေကျပေါင်းသင်းလာတဲ့ ချစ်ခင်ပွန်းချောချောလေးကို ဘယ်တော့မှအချစ်မပြယ်ဘဲ အစစအရာရာဂရုစိုက်ပေးတဲ့ နိုင်းနိုင်းရဲ့ချစ်ဇနီး

ရုပ်ရှင်သရုပ်ဆောင်နိုင်းနိုင်းကတော့ ကလေးလေးယောက်ရဲ့ ဖခင်ဖြစ်ပြီး သိုက်သိုက်ဝန်းဝန်းရှိလှတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားပါတယ်နော်။နိုင်းနိုင်းရဲ့ချစ်ဇနီးချော စန္ဒီချိုကတော့ ကလေးတွေနဲ့အတူ နယူးယောက်မြို့မှာနေထိုင်ပြီး အလုပ်တွေလုပ်ကိုင်နေတာဖြစ်ပါတယ်။နိုင်းနိုင်းက မြန်မာပြည်နဲ့နယူးယောက်မြို့ကို အိမ်ဦးနဲ့ကြမ်းပြင်လို အမြဲသွားလာနေတာဖြစ်ပါတယ်နော်။

Photo Credit:Sandy Cho's Facebook Account

နိုင်းနိုင်းက အခုလတ်တလောမှာဆိုရင် မြန်မာပြည်ကိုပြန်လည်ရောက်ရှိနေပြီး အနုပညာအလုပ်လေးတွေကို တစ်နိုင်တစ်ပိုင်လုပ်ဆောင်နေတာဖြစ်ပါတယ်။နိုင်းနိုင်းကတော့ ချစ်ဇနီးနဲ့ကလေးတွေကိုလွမ်းတဲ့အခါ Video Callလေးပြောပြီး ဖြေသိမ့်နေရတာဖြစ်ပါတယ်နော်။နိုင်းနိုင်းတို့ဇနီးမောင်နှံနှစ်ယောက်ကတော့ အေးအတူပူအမျှနဲ့ အပြန်အလှန်ဖေးမကူညီနေကြတဲ့ ချစ်စရာဇနီးမောင်နှံလေးဖြစ်ပါတယ်။ 

Photo Credit:Sandy Cho's Facebook Account
Photo Credit:Sandy Cho's Facebook Account
Photo Credit:Sandy Cho's Facebook Account
Photo Credit:Sandy Cho's Facebook Account
Photo Credit: Actor99's Facebook Account

ဒီနေ့လေးဟာဆိုရင်တော့ နိုင်းနိုင်းရဲ့မွေးနေ့ရက်မြတ်လေးဖြစ်လို့ စန္ဒီချိုက သတိတရနဲ့ မွေးနေ့ဆုတောင်းပေးထားတာဖြစ်ပါတယ်။မြန်မာပြည်နဲ့နယူးယောက်က အချိန်ကွာဟတာကြောင့် စန္ဒီချိုကတော့ မြန်မာပြည်ရဲ့မနက်စောစောအချိန်မှာ"Happy Birthday to this handsome hunk of a husband"ဆိုပြီး ဇနီးမောင်နှံနှစ်ယောက် ကြည်နူးနေတဲ့ပုံရိပ်လေးတွေနဲ့အတူ ချစ်ခင်ပွန်းကို မွေးနေ့Surpriseလုပ်လိုက်တာဖြစ်ပါတယ်နော်။ 

Photo Credit:Sandy Cho's Facebook Account
Photo Credit:Sandy Cho's Facebook Account
Photo Credit:Actor99's Facebook page

Source&Photo Credit:Sandy Cho's Facebook Account

Snow
snow

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T