မာမီ ဒယ်ဒီဆိုပြီးစကားလေး‌တွေ မပီတပီနဲ့ခေါ်တတ်နေပြီး ဖေဖေနဲ့မေမေအချစ်ပိုအောင်ချွဲတတ်နေတဲ့ Scarlettလေးရဲ့ဗီဒီယို

//s9.kh1.co/26/26690d96c8735b9723bae5241dbbff3212f2c3e7.jpg
အနုပညာရှင်များ

 ၀၂-ဒီ-၂၀၂၀ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ...... ချစ်စရာကောင်းပြီးအသည်းယားစရာကောင်းလှတဲ့ အာဘွိုင်းနဲ့မြတ်ရတနာကျော်တို့ရဲ့သမီးလေး Scarlett Phyo Tunကိုသိကြမယ်ထင်ပါတယ်‌နော်.....။ အာဘွိုင်းနဲ့ မြတ်ရတနာကျော်တို့ဇနီးမောင်နှံဟာလည်း သက်ဆိုင်ရာနယ်ပယ်အသီးသီးမှာ အောင်မြင်မှုကိုယ်စီရရှိထားတဲ့သူ‌တွေဖြစ်ပါတယ်။ဒါ့ပြင် အာဘွိုင်းရဲ့romanticဆန်ပြီး ဂရုစိုက်ကြင်နာတတ်တဲ့ခင်ပွန်းကောင်းပီသမှုကြောင့် ပရိသတ်တွေအားကျနေရတဲ့သူဆိုလည်းမှားမယ်မထင်ပါဘူးနော်။

Photo credit-Our Travel Diaries' Facebook page
Photo credit-Our Travel Diaries' Facebook page
Photo credit-Our Travel Diaries' Facebook page
Photo credit-Our Travel Diaries' Facebook page

မြတ်ရတနာကျော်တို့ ဇနီးမောင်နှံဟာ သမီးလေး Scarlettရဲ့ပုံလေးတွေကို မကြာခဏတင်ပေးလေ့ရှိပါတယ်။ Scarlettလေးဟာလည်း မျက်လုံးဝိုင်းဝိုင်း ပါးဖောင်းဖောင်းလေးနဲ့ ဖြူဖွေး၀င်းဥနေပြီး ဘာဘီရုပ်မလေးလို အရမ်းအသည်းယားစရာကောင်းတဲ့ ကလေးလေးပါနော်။ ဖေဖေရော မေမေရောရဲ့အချောအလှတွေကို စုပြုံရရှိထားတဲ့ သမီးလေး Scarlettကတော့တစ်ကယ့်ကို ချစ်မွှေးလေးပါပဲ။

Photo credit-Our Travel Diaries' Facebook page
Photo credit-Our Travel Diaries' Facebook page
Photo credit-Our Travel Diaries' Facebook page
Photo credit-Our Travel Diaries' Facebook page

အခုဆိုရင်လည်း Scarlettလေးဟာ စကားလေးတွေစပြောတတ်နေပြီဖြစ်ပြီးတော့ စကားမပီတပီလေးနဲ့ အရမ်းချစ်စရာကောင်းတာလည်းဖြစ်ပါတယ်။ မကြာသေးမီကလည်း Scarlettလေးရဲ့ Facebook pageလေးကနေ မာမီ ဒယ်ဒီဆိုပြီး စကားလေးမပီတပီနဲ့ခေါ်တတ်နေတဲ့ ဗီဒီယိုလေးတစ်ခုကိုတင်ပေးလာပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photo credit-Our Travel Diaries' Facebook page
Photo credit-Our Travel Diaries' Facebook page
Photo credit-Our Travel Diaries' Facebook page
Photo credit-Our Travel Diaries' Facebook page

သတင်း အရင်းအမြစ်Scarlett Phyo Tun's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T