စိုင်းထီးဆိုင် သီချင်းလေးကို ဂစ်တာကိုယ်တိုင်တီးပြီး အလွမ်းပြေ ပရိသတ်အတွက် ဆိုပြနေတဲ့ လွင်မိုးရဲ့ ဗီဒီယိုလေး

//s9.kh1.co/59/5901646e2c438fc26cf77e1ed65c5f33d0a409e6.jpg
အနုပညာရှင်များ

 ၀၂-ဒီ-၂၀၂၀ ၉am · လွန်ခဲ့သော ၃ နှစ် က

.

မင်းသားကြီး လွင်မိုးက တစ်ခေတ်တခါက အနုပညာနယ်ပယ်မှာ ပျိုမေလေးတွေ အတော်အများသဘောကျချစ်ခင်ခဲ့ရတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ဗီဒီယိုဇာတ်ကားတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေကို များစွာရိုက်ကူးပြီး အကယ်ဒမီဆုကိုလည်း ရရှိထားကာ အောင်မြင်မှုတွေနဲ့ လျှောက်လှမ်းလာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ လွင်မိုးက အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းတွေကို ပိုမိုလုပ်ကိုင်နေတာ တွေ့ရပါတယ်။

Photo Credit - Lwin Moe fb account
Photo Credit - Lwin Moe fb account
Photo Credit - Lwin Moe fb account
Photo Credit - Lwin Moe fb account

သာယာပျော်ရွှင်တဲ့ အိမ်ထောင်ရေးကို တည်ဆောက်ထားပြီး ယခုဆိုရင် ချစ်စရာကောင်းတဲ့ မြေးလေးတစ်ယောက်ကိုလည်း ရရှိထားပါသေးတယ်။ အနုပညာအလုပ်တွေကို ရပ်နားထားပေမယ့်လည်း ပရိသတ်တွေကို သူ့ရဲ့ နေ့စဥ်လှုပ်ရှားမှုတွေကို ဖော်ပြပေးပါတယ်။ ယခုမှာလည်း လွင်မိုးက ပရိသတ်တွေချစ်အားပိုမယ့် ဗီဒီယိုလေးကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Lwin Moe fb account
Photo Credit - Lwin Moe fb account
Photo Credit - Lwin Moe fb account
Photo Credit - Lwin Moe fb account

ဒီဗီဒီယိုလေးထဲမှာတော့ လွင်မိုးက စိုင်းထီးဆိုင် သီချင်းလေးကို ဂစ်တာလေးတီးပြီး လွမ်းနေတဲ့ ပရိသတ်တွေကို ခံစားချက်အပြည့် သီဆိုပြနေတာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း မင်းသားကြီး လွင်မိုးကို အရင်ကထက် ချစ်ပေးကြပါဦးနော်။ ကဲ...ပရိသတ်ကြီးရေ ဂစ်တာလေးတီးပြီးသီချင်းဆိုနေတဲ့ လွင်မိုးရဲ့ ဗီဒီယိုလေးကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။

သတင်း အရင်းအမြစ်Video Credit & Source - Lwin Moe fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T