Covid -19 ရောဂါကြောင့်ဆေးကုသမှုခံယူနေရပြီး အောက်စီဂျင်ပိုက်တန်းလန်းနဲ့ သူ့ရဲ့အခြေအနေလေးကို ကြိုးစားပမ်းစားပြောပြနေတဲ့ ဦးမိုးဒီ

//s9.kh1.co/f3/f3ce00a083c0fefffe27248ef6f1c15b1b8ada4d.jpg
အနုပညာရှင်များ

 ၀၂-ဒီ-၂၀၂၀ ၉am · လွန်ခဲ့သော ၃ နှစ် က

Covid -19 ရောဂါကြောင့်ဆေးကုသမှုခံယူနေရပြီး အောက်စီဂျင်ပိုက်တန်းလန်းနဲ့ သူ့ရဲ့အခြေအနေလေးကို ကြိုးစားပမ်းစားပြောပြနေတဲ့ ဦးမိုးဒီ

ပရိသတ်တွေချစ်ရတဲ့ လူရွှင်တော်ကြီး ဦးမိုးဒီကတော့ အားလုံးကိုရယ်မောပျော်ရွှင်ရအောင် မျိုးစုံတင်ဆက်ပေးလေ့ရှိသူ ဖြစ်ပါတယ် ။ ပြောင်မြောက်တဲ့အနုပညာအရည်အချင်းတွေကို ပိုင်ဆိုင်ထားတဲ့ ဦးမိုးဒီက လူရွှင်တော်အဖြစ်ရော သရုပ်ဆောင်အဖြစ်ပါ လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ် ။ ဦးမိုးဒီက ဗီဒီယိုနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်းအများအပြားရိုက်ကူးခဲ့ပြီး ဖျော်ဖြေပွဲတွေမှာလည်း ပါဝင်ခဲ့တာ ဖြစ်ပါတယ် ။

Photo Credit-ကောင်းစံ လူရွှင်တော်'s FB Acc
Photo Credit-ကောင်းစံ လူရွှင်တော်'s FB Acc
Photo Credit-Wai Lu Kyaw's FB Page
Photo Credit-Wai Lu Kyaw's FB Page

မကြာခင်ရက်ပိုင်းကတော့ ဦးမိုးဒီတစ်ယောက် Covid 19 ရောဂါပိုးကူးစက်ခံရကြောင်း သရုပ်ဆောင်ဝေဠုကျော်ကတစ်ဆင့် အားလုံးသိအောင် ပြောပြခဲ့တာ ဖြစ်ပါတယ် ။ ဦးမိုးဒီက နေမကောင်းဖြစ်လို့ ဆေးစစ်ရာကနေ Covid 19 ရောဂါ Positive ဖြစ်ကြောင်း သိခဲ့ရတာ ဖြစ်ပါတယ် ။ လက်ရှိမှာတော့ ဦးမိုးဒီက ဧရာဝတီစင်တာမှာ ဆေးကုသမှုခံယူနေတာဖြစ်ပြီး အခုလည်း လူရွှင်တော်ကောင်းစံက ဦးမိုးဒီရဲ့ကျန်းမာရေးအခြေအနေအကြောင်း တင်ထားတာ ဖြစ်ပါတယ် 

Photo Credit-ကောင်းစံ လူရွှင်တော်'s FB Acc
Photo Credit-ကောင်းစံ လူရွှင်တော်'s FB Acc
Photo Credit-ကောင်းစံ လူရွှင်တော်'s FB Acc
Photo Credit-ကောင်းစံ လူရွှင်တော်'s FB Acc

လူရွှင်တော်ကောင်းစံက "ပရိသတ်များရဲ့ဆုတောင်းမေတ္တာနဲ့အတူ ဧရာဝတီစင်တာမှဗော်လန်တီယာများ၊ဆရာဝန်များရဲ့ကုသအားပေးမှုကြောင့် ဖေဖေ့ရဲ့ကျန်းမာရေးတိုးတက်ကောင်းမွန်လာပါပြီခင်ဗျာ အားလုံးကို ကျေးဇူးတင်ပါသည်။" ဆိုပြီး ရေးသားပြောပြထားတာ ဖြစ်ပါတယ် ။ အောက်စီဂျင်ရှူနေရတဲ့ ဦးမိုးဒီက လက်မလေးထောင်ပြီး သူအဆင်ပြေကြောင်း ပြောနေတာ ဖြစ်ပါတယ် ။ ကဲ Covid 19 ရောဂါကြောင့် ဆေးကုသမှုခံယူနေရတဲ့ လူရွှင်တော်ကြီး ဦးမိုးဒီရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-ကောင်းစံ လူရွှင်တော်'s FB Acc

Photo Credit-ကောင်းစံ လူရွှင်တော်'s FB Acc
Photo Credit-ကောင်းစံ လူရွှင်တော်'s FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T