အသံအေးအေးလေးနဲ့ သီချင်းလေးတွေကို ကိုယ်တိုင်ဖန်တီး ရေးသားသီဆိုသူလေးကတော့ နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းကျော် အဆိုတော် အုပ်စိုးခန့်ပဲ ဖြစ်ပါတယ်။ သူဟာ အဆိုဘက်တွင်သာမကဘဲ သရုပ်ဆောင်ပိုင်းမှာပါ ပါရမီရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။ လူငယ်ဆန်ဆန်ပြောဆိုနေထိုင်တတ်ပြီး လူတိုင်းအပေါ်မှာလည်း ကူညီချင်စိတ်ပြင်းပြလွန်းသူတစ်ယောက်လည်း ဖြစ်ပါတယ်။

Photo Crd- Oak Soe Khant’s Facebook Page
Photo Crd- Oak Soe Khant’s Facebook Page
Photo Crd- Oak Soe Khant’s Facebook Page

ရရှိတဲ့ အနုပညာကြေးတွေနဲ့လည်း တတ်နိုင်သလောက် အလှူအတန်းလေးတွေ လုပ်လေ့ရှိသူလည်း ဖြစ်ပါတယ်။ ဘာသာရေးဘက်မှာလည်း ကိုင်းရှိုင်းလွန်းသူဖြစ်ပြီး အဓိဌာန်တွေလည်း မကြာခဏ ဝင်ရောက်လေ့ရှိတာလည်း ဖြစ်ပါတယ်။ မနေ့ညကလည်း အုပ်စိုးခန့်ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် တန်ဆောင်မုန်းလပြည့်နေ့ညက ကုသိုလ်ပြုခဲ့တဲ့ ဗီဒီယိုဖိုင်လေးကို တင်ပေးထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Oak Soe Khant’s Facebook Page
Photo Crd- Oak Soe Khant’s Facebook Page
Photo Crd- Oak Soe Khant’s Facebook Page

ဒါကတော့ လမ်းဘေးမှာကားရပ်ကာ များလွန်းလှတဲ့လူအုပ်ကြီးထဲသို့ပိုက်ဆံတွေအထပ်လိုက်ကြဲကာကုသိုလ်ယူခဲ့တဲ့ အုပ်စိုးခန့်ရဲ့ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ သူကလည်း " လပြည့်နေ့က ပံ့သကူပစ်ဖို့ အိမ်ကထွက်ခဲ့တာ....မပစ်ခဲ့ရဘူး

တစ်မြို့လုံး လူတွေစည်ကားလိုက်တာဗျာ။

စားဝတ်နေရေးအတွက် ကိုဗစ်ရောဂါကိုတောင်ဂရုမစိုက်နိုင်ကြတော့ဘူး။

(၅)သိန်းနဲ့ အတူ ဆန်/ဆီ/ဆား/ဆေး/masksတွေပါလှူခဲ့တယ်......

ကိုဗစ်ကိုတော့ ကြောက်ကြပါဗျာ " ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီဗီဒီယိုလေးကိုပါ ကြည့်ရှုခံစားနိုင်အောင် တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Oak Soe Khant’s Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။