ချစ်ရတဲ့ မကြီးစိုးနဲ့အတူညီအစ်မနှစ်ယောက် Liveလွှင့်ဈေးရောင်းကြရင်း အမှတ်တရပုံလေးတွေတင်ပေးလာတဲ့ ဒီးဒီ

//s9.kh1.co/f2/f297f02733e09d41be2e89c2a660ac5cdddf9cf0.jpg
အနုပညာရှင်များ

 ၀၂-ဒီ-၂၀၂၀ ၉am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေများစွာရရှိထားသလို ကြင်နာတတ်တဲ့ခင်ပွန်းနဲ့ ချစ်စရာကောင်းလွန်းတဲ့သမီးလေးတို့နဲ့အတူ ကြည်နူးအားကျစရာ မိသားစုဘဝလေးကို ဖြတ်သန်းနေသူကတော့ စန္ဒီမြင့်လွင်ပဲ ဖြစ်ပါတယ်နော်..။ စန္ဒီမြင့်လွင်ကတော့ အဆိုပိုင်းမှာလည်း အမိုက်စားသီချင်းကောင်းတွေကို သီဆိုတတ်တဲ့သူဖြစ်ပြီး ပရိသတ်အားပေးမှုအပြည့်အ၀ ရရှိခဲ့တာဖြစ်တဲ့အပြင် သရုပ်ဆောင်ပိုင်းမှာပါ ထူးချွန်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=813,q=100/e3/e355d9094415699d71ceeecb84b312187d751eb7.jpg
https://s9.kh1.co/__image/w=650,h=867,q=100/7b/7b3e567ebb67993fdf5532280a3311b647fd08ae.jpg

ဒီးဒီဟာလည်း စိုးညီအစ်မတွေထဲကတစ်ယောက်အပါအ၀င်ဖြစ်ပြီး မျိုးနဲ့ရိုးနဲ့အနုပညာဝါသနာပါကြတဲ့သူတွေပဲဖြစ်ပါတယ်နော်....။ အစ်မဖြစ်တဲ့ စိုးမြတ်သူဇာဟာလည်း အစ်မတစ်ယောက်ပီသစွာနဲ့ အငယ်တွေကိုလည်း လက်တွဲခေါ်ယူတတ်သလို ပျော်ပျော်နေတတ်တဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ အခုကာလမှာဆိုရင် Live salesရောင်းချမှုတွေ ရေပန်းစားနေတာဖြစ်ပြီး အနုပညာရှင်အတော်များများလည်း Live salesလုပ်ကာ ရတနာပစ္စည်းတွေ၊ အ၀တ်အထည်တွေရောင်းချကြတာလည်းဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=867,q=100/de/de0222e45e15e07129019bfa5d51fe6d0ef44678.jpg
https://s9.kh1.co/__image/w=650,h=841,q=100/82/82878ea7c67a27e44626be35c031bb239ae40ac2.jpg

မကြာသေးမီကတော့ မကြီးစိုးနဲ့ ဒီးဒီတို့ညီအစ်မနှစ်ယောက်ဟာ စိန်နန်းတော်ရဲ့ Live salesအတွက် ရောင်းချကြရင်း အမှတ်တရပုံလေးတွေကို ဒီးဒီဟာ သူမရဲ့ Facebookစာမျက်နှာမှာ "ညက လိုက်ဖ်မှာ ဒီဒီ ပေ့ချ်က ပုံစံအသစ်ပြောင်းသွားတော့ လိုက်ဖ်ကြည့်ရသူတွေအဆင်မပြေတာရှိရင်ဇူကာဘတ်ကိုသာပြောကြပါနော် ဒီဒီလဲ နို၀င်ဘာတစ်လလုံး live တွေရောပုံတွေရော ပျောက်သွားလို့အရမ်းစိတ်မကောင်းဖြစ်နေပါတယ် တချို့ကလဲပြန်ရတယ်ပြောပါတယ်...." ဆိုတဲ့ captionလေးနဲ့ မကြီးစိုးနဲ့ပုံလေးတွေတင်ပေးခဲ့ပါတယ်။ ကဲ.....ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

https://s9.kh1.co/__image/w=650,h=867,q=100/55/55ecf9061ba4cab287c378e0d078ddc790a6118e.jpg
https://s9.kh1.co/__image/w=640,h=960,q=100/15/15e8daa2f7bd87e1ae9adf5c8ae724268f60340a.jpg

သတင်း အရင်းအမြစ်Sandy Myint Lwin's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T