ညီအစ်မတွေနဲ့ပေါင်းပြီး ဇာတ်လမ်းလေးလုပ်ကာ ချစ်မေမေရဲ့မွေးနေ့မှာ Surprise ဖြစ်အောင်လုပ်ပေးလိုက်တဲ့ ယုဇနရဲ့ဗီဒီယို

//s9.kh1.co/76/76eebe4fb6728e2fecc90596036c57203265aa61.jpg
အနုပညာရှင်များ

 ၀၂-ဒီ-၂၀၂၀ ၁၀am · လွန်ခဲ့သော ၃ နှစ် က

ညီအစ်မတွေနဲ့ပေါင်းပြီး ဇာတ်လမ်းလေးလုပ်ကာ ချစ်မေမေရဲ့မွေးနေ့မှာ Surprise ဖြစ်အောင်လုပ်ပေးလိုက်တဲ့ ယုဇနရဲ့ဗီဒီယို

အဆိုတော် ယုဇနကတော့ တစ်ခေတ်တစ်ခါကတည်းက အောင်မြင်ကျော်ကြားလာခဲ့တာဟာ ယနေ့အချိန်အထိတိုင်အောင် ဖြစ်ပါတယ် ။ ဂီတအလုပ်တွေကို ဖြည်းဖြည်းမှန်မှန် လုပ်ကိုင်နေဆဲဖြစ်တဲ့ ယုဇနက အောင်မြင်မှုတွေကို ဆက်လက်ထိန်းသိမ်းထားနိုင်တာ ဖြစ်ပါတယ် ။ ယုဇနက သီချင်းအသစ်တွေဖန်တီးနေသလို ဖျော်ဖြေပွဲတွေမှာလည်း သီချင်းတွေပါဝင်သီဆိုနေရတာ ဖြစ်ပါတယ် ။

Photo Credit-Yuzana MN's FB Acc
Photo Credit-Yuzana MN's FB Acc
Photo Credit-Yuzana MN's FB Acc
Photo Credit-Yuzana MN's FB Acc

အိမ်ထောင်ကျပြီး ကိုယ်ပိုင်ဘဝလေးမှာ အေးချမ်းစွာနေထိုင်နေတဲ့ယုဇနက မိသားစုကို တန်ဖိုးထားတတ်သူ ဖြစ်ပါတယ် ။ ပြီးခဲ့တဲ့ရက်ပိုင်းကတော့ ယုဇနက ချစ်မေမေရဲ့မွေးနေ့မှာ Surprise ဖြစ်သွားအောင် ပျော်စရာလေးဖန်တီးပေးခဲ့တာ ဖြစ်ပါတယ် ။ ယုဇနက ညီအစ်မတွေနဲ့အတူပူးပေါင်းပြီး မေမေမသိအောင် ကိတ်လှလှလေးပြင်ဆင်ကာ မိသားစုမွေးနေ့ပွဲလေးကို ကျင်းပပေးလိုက်တာပဲ ဖြစ်ပါတယ် ။

Photo Credit-Yuzana MN's FB Acc
Photo Credit-Yuzana MN's FB Acc
Photo Credit-Yuzana MN's FB Acc
Photo Credit-Yuzana MN's FB Acc
Photo Credit-Yuzana MN's FB Acc
Photo Credit-Yuzana MN's FB Acc

အခုတော့ ယုဇနက "မေမေ့ကိုမွေးနေ့ဆုတောင်းများ ပို့ပေးကြတဲ့သူများအားလုံးကို ကျေးဇူးအများကြီးတင်ပါတယ်ရှင်အမေ့ကို surprise လုပ်ဖို့ဇာတ်လမ်းလုပ်သူကကျွန်မ ၊ အမေမသိအောင်အဖေ့ကိုအခန်းပြင်ခေါ်ထုတ် ၊ အမေကထွက်လာတာမြန်တော့ videoတောင်အပြည့်မရလိုက်ဘူး၊ နောက်ဆုံး‌မှတ်တမ်းတင် videoရိုက်နေရတဲ့ကျွန်မပုံမပါလိုက်ဘူး၊ မိသားစုနဲ့နွေးထွေးစွာဖြတ်သန်းခဲ့တဲ့အမေ့မွေးနေ့" ဆိုပြီး ဗီဒီယိုလေးကို တင်ထားတာ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ယုဇနတို့မိသားစုရဲ့ဗီဒီယိုလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-Yuzana MN's FB Acc

Photo Credit-Yuzana MN's FB Acc
Photo Credit-Yuzana MN's FB Acc
Photo Credit-Yuzana MN's FB Acc
Photo Credit-Yuzana MN's FB Acc
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T