ဝမ်းရေးအတွက် ရေသန့်ဗူးကောက်နေတဲ့ အသက် ၆၀ ကျော် သနားစရာအဖွားတစ်ယောက်ကို မွန်မြတ်တဲ့ အလှူလေးပြုလုပ်ခဲ့တဲ့ နေဒွေး

//s9.kh1.co/ff/ff0271182660f85cbf43eacdc159235554744595.jpg
အနုပညာရှင်များ

 ၀၂-ဒီ-၂၀၂၀ ၁၀am · လွန်ခဲ့သော ၃ နှစ် က

.

မင်းသားနေဒွေးကတော့ အောင်မြင်နေတဲ့ သရုပ်ဆောင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်သလို အကောင်းဆုံးလျှောက်လှမ်းလာနေတဲ့ သူပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ သူ့ရဲ့ ကြိုးစားအားထုတ်မှုတွေကြောင့် ရုပ်ရှင်ဇာတ်ကားကြီးတွေထဲမှာ ပါဝင်သရုပ်ဆောင်လာနေရတာ ဖြစ်ပါတယ်။ ဒါ့အပြင် နေဒွေးက အနုပညာအလုပ်တွေအပြင် ကိုယ်ပိုင်စီးပွားရေး အလုပ်ကိုလည်း လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

Photo Credit - Nay Dway fb account
Photo Credit - Nay Dway fb account
Photo Credit - Nay Dway fb account
Photo Credit - Nay Dway fb account

နေဒွေးက စိတ်သဘောထားပြည့်ဝပြီး အမြဲပျော်ပျော်ရွှင်ရွှင် နေတတ်သလို အလှူအတန်းတွေကိုလည်း လက်မနှေးပဲ ရက်ရက်ရောရော လှူဒါန်းပေးတတ်တဲ့ စိတ်ထားလေးကြောင့် ပရိသတ်တွေက ချစ်ခင်နေရတာ ဖြစ်ပါတယ်။ သူလှူဒါန်းပေးတဲ့ အလှူပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေကြည်နူးပီတိဖြစ်အောင် အမြဲဖော်ပြပေးပါတယ်။ ယခုမှာလည်း နေဒွေးက ရေသန့်ဗူးကောက်နေတဲ့ အဖွားတစ်ယောက်ကို မွန်မြတ်တဲ့ အလှူလေးကို ပြုလုပ်ခဲ့ပါတယ်။

Photo Credit - Nay Dway fb account
Photo Credit - Nay Dway fb account
Photo Credit - Nay Dway fb account
Photo Credit - Nay Dway fb account

ဒီအလှူလေးနဲ့လည်း နေဒွေးက " ၅ကြိမ်မြောက် ဘိုးဘွားများကိုစောင့်ရှောက်ကြပါစို့ မျှဝေကြပါစို့ အစီအစဉ် ရဲ့ ၅ယောက်မြောက်အလှုရှင် အဖွားပါခင်ဗျ အသက် ၆၀ကျော် ကိုဗစ်ကာလမှာ ရေသန့်ဗူးများကောက်ဝမ်းရေးအတွက်တယောက်ထဲဖြေရှင်းနေတဲ့ အဖွားအတွက် JITTOO အော်ဂန်းနစ်စူပါဆန် ၁၂ပြည်တအိတ် ဆီ ၃ပိသာာနှင့် အဖွားအတွက် ၃လစာ အလှူငွေ တို့ကိုဒီနေ့မှာထောက်ပံ့လှူဒါန်းသွားပါမည်ခင်ဗျ" ဆိုပြီး ရေးသားဖော်ပြထားပါတယ်။

သတင်း အရင်းအမြစ်Source - Nay Dway fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T