မော်ဒယ်မလေး အောန်ဆိုင်းကတော့ မနေ့ညက သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ လက်ထပ်ခွင့်တောင်းခံရတဲ့ ဗီဒီယိုဖိုင်လေးကို ဝေမျှပေးလာတာပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးဟာ လွန်ခဲ့တဲ့ ခြောက် လကျော်လောက်ကတည်းက ရိုက်ကူးခဲ့တာပဲ ဖြစ်ပြီး သူမရဲ့မွေးလလေးရောက်မှ တင်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေအားလုံးကလည်း ဒီဗီဒီယိုလေးကို ကြည့်ရှုကာ ကြည်နူးအားကျနေတာလည်း ဖြစ်ပါတယ်။

Photo Crd- Awn Seng’s Facebook Page
Photo Crd- Awn Seng’s Facebook Page
Photo Crd- Awn Seng’s Facebook Page

သူငယ်ချင်းအပေါင်းအသင်းများနဲ့ အနုပညာအသိုင်းအဝိုင်းက ညီအစ်ကိုမောင်နှမတွေကလည်း အောန်ဆိုင်းအတွက် ထပ်တူဝမ်းသာပျော်ရွှင်ပေးနေကြတာလည်း ဖြစ်ပါတယ်။ မနေ့ညကလည်း အချစ်ဆုံး သူငယ်ချင်းဖြစ်တဲ့ သရုပ်ဆောင် မင်းသမီးချောလေး မိုးစက်ဝိုင်ရဲ့ Instagram လူမှုကွန်ယက်မှာ ဗီဒီယိုလေးတစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။

Photo Crd- Awn Seng’s Facebook Page
Photo Crd- Moesetwine-Official’s IG Account
Photo Crd- Moesetwine-Official’s IG Account

ဒါကတော့ ထူးထူးခြားခြားလက်ထပ်ခွင့်တောင်းခံရတဲ့သူငယ်ချင်းဖြစ်သူအောန်ဆိုင်းအတွက်ဂုဏ်ပြုပွဲလေးလုပ်ပေးနေတဲ့ မိုးစက်ဝိုင်ရဲ့ဗီဒီယိုလေးပဲ ဖြစ်ပါတယ်။ ဒီလိုဂုဏ်ပြုပေးဖို့အတွက် ခြောက်လလောက်စောင့်ခဲ့ရတယ်လို့လည်း ရေးသားထားတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် ဒီဗီဒီယိုလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Source and Photo Crd- Moesetwine-Official’s Instagram Account And Awn Seng’s Facebook Page  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။