မွေးနေ့လေးအတွက် ရေမြေခြားကနေ မွေးနေ့ဆုမွန်ကောင်းတောင်းပေးထားတဲ့ သားသမီးလေးတွေကြောင့် ကြည်နူးပီတိဖြစ်နေတဲ့ နိုင်းနိုင်းရဲ့ ဗီဒီယို

//s9.kh1.co/e8/e81ec747b5ba2ec0671ea33039076ee26bba9094.jpg
အနုပညာရှင်များ

 ၀၂-ဒီ-၂၀၂၀ ၁၁am · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်ကြီးရေ မင်းသားနိုင်းနိုင်းကတော့ ဆယ်စုနှစ်လောက်ကတည်းက အနုပညာနယ်ပယ်မှာ အောင်မြင်မှုတွေရရှိခဲ့တဲ့ သူပဲဖြစ်ပါတယ်။ ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေပြီး အကောင်းဆုံးကြိုးစားနေတာဖြစ်ပါတယ်။ ယနေ့ ဒီဇင်ဘာလ ၂ရက်နေ့မှာတော့ ပြည်သူချစ်မင်းသားချော နိုင်းနိုင်း ရဲ့ မွေးနေ့လေးကို ကျရောက်ခဲ့ပါတယ်။

Photo Credit - Actor99 fb page
Photo Credit - Actor99 fb page
Photo Credit - Actor99 fb page
Photo Credit - Actor99 fb page

နိုင်းနိုင်း ရဲ့ မွေးနေ့လေးကိုတော့ အနုပညာညီအစ်ကိုမောင်နှမတွေနဲ့ ချစ်တဲ့ပရိသတ်တွေက မွေးနေ့ဆုမွန်ကောင်းတွေလည်း တောင်းပေးထားတာ တွေ့ရပါတယ်။ မွေးနေ့ဆုမွန်ကောင်း တောင်းပေးထားတဲ့အထဲကမှ ပရိသတ်တွေ သဘောကျစေမယ့်ဗီဒီယိုလေး တစ်ခုကို တင်ပေးလာခဲ့ပါတယ်။ ဒီဗီဒီယို လေးကတော့ New York မြို့လေးမှာ ကျန်ခဲ့တဲ့ သူ့ရဲ့ သားသမီးတွေက ဖခင်ဖြစ်သူရဲ့ မွေးနေ့လေးကို ဆုမွန်ကောင်းတောင်းပေးထားတဲ့ ဗီဒီယိုလေးပဲဖြစ်ပါတယ်။

Photo Credit - Actor99 fb page
Photo Credit - Actor99 fb page
Photo Credit - Actor99 fb page
Photo Credit - Actor99 fb page

ဒီဗီဒီယိုလေးနဲ့လည်း နိုင်းနိုင်းက " အသက် တစ်နှစ် ထပ်ကြီးသွားပြန်ပြီ ကျွန်တော်ကတော့ အသက်ကို မေ့ထားပြီး ကျန်းမာပြီး စိတ်ချမ်းသာအောင်နေပါတယ်... ကျွန်တော်ကို ချစ်ခင်ကြသော ချစ်သောသူများလည်း စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနှင့် ပြည့်စုံပါစေ..." ဆိုပြီး ရေးသားထားပါတယ်။ ပရိသတ်တွေလည်း နိုင်းနိုင်းရဲ့ ကြည်နူးစရာ ဗီဒီယိုလေးကို ကြည့်ရှု့ရင်း မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ပါဦးနော်...။

သတင်း အရင်းအမြစ်Video Credit & Source - Actor99 fb page

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T