သဘာ၀တရားအတိုင်းရှိကြပေမယ့်လဲ ထူးဆန်းနဲ့မျိုးနွယ်စုထဲပါ၀င်ကြတဲ့ တိရစ္ဆာန်များ

//s9.kh1.co/e2/e2e398fcee384c7f55c982eda4e0da88500a2339.jpg
ဗဟုသုတအဖြာဖြာ

 ၀၂-ဒီ-၂၀၂၀ ၁၂pm · လွန်ခဲ့သော ၃ နှစ် က

.

ကမ္ဘာပေါ်မှာ အန္တရယ်အရှိဆုံးတိရစ္ဆာန်တွေကို ပရိသတ်ကြီးလဲ သိကြမှာပါ။ အဲ့လိုအန္တရာယ်များတဲ့ အကောင်တွေလဲ ရှိသလို ထူးဆန်းထိတ်လန့်ဖွယ်ကောင်းတဲ့အကောင်တွေကိုလဲ လေ့လာတွေ့ရှိရပါတယ်။ ခုဖော်ပြသွားမဲ့အကောင်တွေကတော့ အဲ့လိုထူးဆန်းထိတ်လန့်ဖွယ်ကောင်းတွေပဲဖြစ်ပါတယ်။ Axolotl ဆိုတဲ့ ပရိသတ်တွေချစ်ကြတဲ့ အကောင်လေးဟာဆိုရင်တော့ Mexican တွေရဲ့မျိုးစိပ်တစ်ခုဖြစ်ပြီး ရေပုတ်သင်အမျိုးအစားဖြစ်ပါတယ်။ သူတို့မှာထူးဆန်းပြီး သဘာဝကရရှိထားတဲ့ အရာကတော့ သူ့တို့ကိုသူတို့ပြန်လည်ကုသနိုင်ပါတယ်။ ပင်လယ်ရေအောက် တိရစ္ဆာန်တွေထဲမှာ ရွံစရာအကောင်းဆုံးကောင်ကတော့ Hagfish ပဲဖြစ်ပါတယ်။ သူတို့တွေရဲ့ ထိတ်လန့်စရာအပိုင်းကတော့ ပုံမှာတွေတဲ့အတိုင်းပါပဲ...ငါးတစ်ကောင်ရဲ့ အရေခွံထဲကဝင်ပြီး အထဲကနေရှိသမျှဟာတွေကို အပြင်ရောက်တဲ့ထိ စားသောက်တာပဲဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=600,h=400,q=100/df/dfbc7469261476a1a5acc561c9ed589aa96c2c3c.jpg
https://s9.kh1.co/__image/w=600,h=400,q=100/f5/f5aa49e0c965f5c0d3b6e670ff0e4e6c4f285754.jpg
https://s9.kh1.co/__image/w=650,h=589,q=100/df/df85885dcd28e12a941ffcba00489f890d09335d.jpg

Dumbo Octopus ဆိုတဲ့ကောင်ကြီးကတော့ ပရိသတ်ကြီးပုံမှာတွေတဲ့အတိုင်း ပုံစံက Dumbo နဲ့ပြီး Octopus နဲ့တူနေတာကြောင့် အဲ့လိုခေါ်တာပဲဖြစ်ပါတယ်။ သူတို့တွေကတော့ ဟိုပင်လယ်အောက်အနက်ပိုင်းမှာပဲနေထိုင်ကြပါတယ်။ Sea Pig ကတော့ ပင်လယ်ရေအောက်မှာ အလွယ်တကူရှာတွေ့နိုင်ပြီး အကောင် ၁၀၀၀ထက်မနည်းတွေ့ရှိနိုင်ပါတယ်။ Gharial ကို အိန္ဒိယမှာ အများဆုံးတွေ့ရှိနိုင်ပြီး မိကျောင်းမျိုးစိပ်ဖြစ်ကာ သူရဲ့အချိန်တော်တော်များများကို ရေအောက်မှာပဲ ဖြတ်သန်းလေ့ရှိပါတယ်။ အထီးတွေရဲ့နှာခေါင်းထိပ်က အဖုကြီးကတော့ မိတ်လိုက်တဲ့အချိန်မှာ ရေပွက်သံတွေ ထုတ်ပေလေ့ရှိပါတယ်။ Hairy Frogfish ဆိုတဲ့ငါးကို anglerfish လို့လဲ လူတွေသိကြကာ သူရဲ့ပုံပန်းသွင်ပြင်ကြောင့်ခုလို နာမည်ပေးထားတာပဲဖြစ်ပါတယ်။ 

https://s9.kh1.co/__image/w=650,h=434,q=100/b8/b80fbb07c6043e898ac4db1f168c123754cfb972.jpg
https://s9.kh1.co/__image/w=650,h=434,q=100/28/28da55d5c31281fed713c116398ccfec6d1c6fce.jpg
https://s9.kh1.co/__image/w=600,h=403,q=100/e8/e80ac6c1ee0b25c1aa15ec1d8886be33310728c2.jpg

သူတို့တွေက ဘယ်တော့မှ ဘေးတိုက်မသွားပဲ အရှေ့နဲ့အနောက်ပဲ သွားကြပါတယ်။ Aye-Aye ဆိုတဲ့ကောင်ကိုတော့ ပရိသတ်ကြီး ကမ္ဘာကျော်ကာတွန်းကာဖြစ်တဲ့ Madagascar မှာတွေ့ရှိနိုင်ပါတယ်။ သူတို့ဟာဆိုရင် ကမ္ဘာပေါ်မှာ ညဘက်အများဆုံးထွက်လေ့ရှိတဲ့ နို့တိုက်သတ္တဝါတွေပဲဖြစ်ပါတယ်။ သူတို့ရဲ့လက်သည်းတွေက အဓိကပဲဖြစ်ကာ အစာတွေကို အဲ့လိုမျိုး လက်နဲ့တူးဖော်ကြလေ့ရှိပါတယ်။ Sphynx ဆိုတဲ့ကြောင်ကတော့ အမွေးလုံးဝမမပေါက်တဲ့ မပါတဲ့ ကြောင်ပဲဖြစ်ပါတယ်။ အဲ့ကြောင်တေါဟာဆိုရင် အပြင်မှာ အကြာကြီးနေလို့မရပါဘူး။ ဘာလို့လဲဆိုတော့ သူတို့တွေက နေလောင်ဒဏ်နဲ့ အပူရှိန်ထိုးကျသွားတဲ့ ဟာတွေကို မခံနိုင်ကြလို့ပဲဖြစ်ပါတယ်။  

https://s9.kh1.co/__image/w=600,h=400,q=100/be/bedfb113843804f1af30c535404ee8eba5fb9cb7.jpg
https://s9.kh1.co/__image/w=600,h=400,q=100/7c/7c96ba0e112fc7a194b3e6bbf0ff290933524507.jpg
https://s9.kh1.co/__image/w=600,h=400,q=100/fa/fa07f0934c039c26f4f22f164746489a96f66183.jpg

သတင်း အရင်းအမြစ်Cracked

Tun Lin Aung
Aung

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T