ပရိသတ်ကြီးရေ.. အနုပညာသရုပ်ဆောင်လောကမှာ ဇာတ်ကားတွေများစွာ ရိုက်ကူးထားပြီး ပရိသတ်တွေရင်းနှီးချစ်ခင်ကြတဲ့ ဇာတ်ပို့သရုပ်ဆောင်တွေထဲမှာ နေလင်းကလည်း အပါအဝင်ပါပဲနော်..။

နေလင်းကတော့ လတ်တလောမှာ Covid ရောဂါ ကူးစက်ခံရမှုကြောင့် ပြီးခဲ့တဲ့ရက်ပိုင်းကမှ ဧရာဝတီစင်တာမှာ Q ဝင်နေကာ ဆေးကုသမှုခံယူနေတာ ဖြစ်ပါတယ်..။

Photo Credit - Nay Linn's Fb Acc
Photo Credit - Nay Linn's Fb Acc
Photo Credit - Nay Linn's Fb Acc

Qဝင်ကာ ဆေးကုသမှုခံယူရင်း မကြာခင်ကမှ အနံ့ပြန်ရခဲ့တဲ့အကြောင်းကိုလည်း ပရိသတ်တွေကို အသိပေးပြောပြခဲ့ပြီး အခုတစ်ခါမှာလည်း စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်လုပ်ဆောင်ခဲ့တဲ့အကြောင်းလေးကို ပြောပြလာပါတယ်နော်..။

စေတနာ့ဝန်ထမ်းလုပ်ဆောင်နေတဲ့ လက်ရွေးစင်ဘောလုံးသမား ကျော်မင်းဦးနဲ့လည်း အမှတ်မထင်တွေ့ဆုံခဲ့တဲ့ ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေထားပါသေးတယ်နော်..။

Photo Credit - Nay Linn's Fb Acc
Photo Credit - Nay Linn's Fb Acc

"မိမိရောက်ရာ ပတ်ဝန်းကျင် မှာ အုတ်တချပ် သဲတပွင့်

အိမ်မှာနေကြပါ

Mask တပ်ကြပါ

လက်ဆေးကြပါ

အားလုံးပဲ နေကောင်းကျန်းမာကြပါစေ ကပ်ဆိုးကြီးလည်း အမြန်ဆုံး ပြီးဆုံးပါစေ ခင်ဗျာ.." ဆိုပြီး အမှတ်တရလေးတွေကို ဝေမျှထားတာပါ..။

အဲ့ဒီ့ပို့စ်ရဲ့အောက်မှာတော့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ ပရိသတ်တွေကလည်း စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ကူညီခဲ့တဲ့ နေလင်းရဲ့ပုံရိပ်လေးတွေကို သဘောကျနေကြတာ တွေ့ရပါတယ်နော်..။

Photo Credit - Nay Linn's Fb Acc
Photo Credit - Nay Linn's Fb Acc

Source & Photo Credit - Nay Linn's Fb Acc

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။