ချစ်ဇနီးချောလေးအူဝဲအတွက် သူ့ရဲ့ကိုယ်ပိုင်အချိန်တွေကိုအပြည့်ပေးပြီး အနောက်ကနေလိုက်စောင့်ရှောက်နေတဲ့ ပြေတီဦး

//s9.kh1.co/fe/feb60c4c707623c8de0411eb16e560f13c7e0b63.jpg
အနုပညာရှင်များ

 ၀၂-ဒီ-၂၀၂၀ ၁pm · လွန်ခဲ့သော ၃ နှစ် က

ချစ်ဇနီးချောလေးအူဝဲအတွက် သူ့ရဲ့ကိုယ်ပိုင်အချိန်တွေကိုအပြည့်ပေးပြီး အနောက်ကနေလိုက်စောင့်ရှောက်နေတဲ့ ပြေတီဦး

မင်းသားချော ပြေတီဦးနဲ့ မင်းသမီးချောလေးအိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံကတော့ အနုပညာလောကမှာ ပရိသတ်တွေအရမ်းအားကျရတဲ့ စုံတွဲလေးဖြစ်ပါတယ်။ အနုပညာအလုပ်တွေကို အတူလုပ်ကိုင်ရင်းကနေ ချစ်ကြိုက်ခဲ့ကြတဲ့ သူတို့စုံတွဲလေးက အိမ်ထောင်သည်ဘဝလေးတစ်ခုကို တည်ဆောက်နိုင်ခဲ့တာ ဖြစ်ပါတယ် ။ အခုဆိုရင် သားတစ်ယောက်၊သမီးတစ်ယောက်ပိုင်ဆိုင်ထားရတဲ့ သူတို့ရဲ့မိသားစုဘဝလေးက အရမ်းကိုပျော်ရွှင်စရာကောင်းနေတာပဲ ဖြစ်ပါတယ် ။

Photo Credit-Li John Photography
Photo Credit-Li John Photography
Photo Credit-Eaindra Kyaw Zin's FB Page
Photo Credit-Eaindra Kyaw Zin's FB Page

ပြေတီဦးက ချစ်ဇနီးအိန္ဒြာကျော်ဇင်ကို ဂရုတစိုက်ချစ်ပေးသလို အိန္ဒြာကျော်ဇင်ကလည်း ခင်ပွန်းနဲ့သားသမီးတွေအပေါ်မှာ အိမ်ထောင်ရှင်မကောင်းပီသနေတာ ဖြစ်ပါတယ် ။ ပြေတီဦးတို့စုံတွဲက ရှေ့သွားနောက်လိုက်ညီသလို နေနဲ့လ ရွှေနဲ့မြပမာ လိုက်ဖက်တင့်တယ်လွန်းလို့ ပရိသတ်တွေက အရမ်းကိုသဘောကျချစ်ခင်နေရတာ ဖြစ်ပါတယ် ။ အခုလည်း ပြေတီဦးက ချစ်ဇနီးအူဝဲနဲ့ပုံလေးကို အမှတ်တရအနေနဲ့ တင်ထားတာ ဖြစ်ပါတယ် ။

Photo Credit-Eaindra Kyaw Zin's FB Page
Photo Credit-Eaindra Kyaw Zin's FB Page
Photo Credit-Eaindra Kyaw Zin's IG Acc
Photo Credit-Eaindra Kyaw Zin's IG Acc

ပြေတီဦးက "အချစ်ကို အချိန်ပေးခြင်း" ဆိုပြီး နှစ်ယောက်သားအတူတူ Selfie ရိုက်ထားတဲ့ပုံလေးကိုမျှဝေလိုက်တာ ဖြစ်ပါတယ် ။ ပြေတီဦးကတော့ သူ့ရဲ့ကိုယ်ပိုင်အချိန်တွေကို ချစ်ဇနီးအတွက်ပေးထားပြီး အနောက်ကနေ လိုက်စောင့်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ် ။ ကဲ ချစ်ပရိသတ်တွေအတွက် ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ဇနီးမောင်နှံရဲ့ကြည်နူးစရာပုံရိပ်တွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။Source & Photo Credit-Pyay Ti Oo's FB Acc

Photo Credit-Eaindra Kyaw Zin's FB Page
Photo Credit-Eaindra Kyaw Zin's FB Page
Photo Credit-Eaindra Kyaw Zin's FB Page
Photo Credit-Eaindra Kyaw Zin's FB Page
Photo Credit-Pyay Ti Oo's FB Acc
Photo Credit-Pyay Ti Oo's FB Acc
Photo Credit-Eaindra Kyaw Zin's FB Page
Photo Credit-Eaindra Kyaw Zin's FB Page
Phoo Phoo Pyae Sone
phoo

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T