အမြဲတက်ကြွလန်းဆန်းပြီး ယုံကြည်မှုအပြည့်နဲ့ ပရိသတ်ကြီးတို့ရဲ့ အချစ်တွေကို အခိုင်အမာသိမ်းပိုက်ရရှိထားသူလေးကတော့ အလှမယ်မော်လ်ဒယ်သရုပ်ဆောင် ရွှေအိမ်စည်ပဲ ဖြစ်ပါတယ်နော်..။

အိမ်စည်လို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ သူမကတော့ ကျေည့ရှင်းပြီးဆွဲဆောင်မှုရှိတဲ့ အလှတွေကိုပိုင်ဆိုင်ထားတဲ့အပြင် စကားပြောပွင့်လင်းတာလေးတွေကလည်း ပရိသတ်တွေကို အချစ်ပိုစေတာပါ..။

Photo Credit - Shwe Eain Si's Fb Page
Photo Credit - Shwe Eain Si's Fb Page

အိမ်စည်လေးကတော့ သူမရဲ့လှုပ်ရှားမှုလေးတွေကို အမြဲမျှဝေလေ့ရှိသလို အခုတစ်ခါမှာလည်း အားလပ်ရက်လေးတွေမှာ အပျော်တမ်းမြင်းစီးခဲ့တဲ့ ပုံရိပ်လေးဗွကို ဝေမျှလာပါတယ်နော်..။

မင်းကိုကျွမ်းကျင်ပိုင်နိုင်စွာစီးပြရင်း ဆွဲဆောင်မှုရှိပြီးအထာကျလွန်းနေတဲ့ အိမ်စည်လေးရဲ့ ပုံရိပ်လေးတွေကတော့ တကယ်ကို သဘောကျစရာကောင်းပါတယ်နော်..။

Photo Credit - Shwe Eain Si's Fb Page
Photo Credit - Shwe Eain Si's Fb Page

"Jump on.." ဆိုပြီး မြင်းစီးရင်း ဆွဲဆောင်မှုရှိစွာ အမိုက်စားဓာတ်ဖမ်းထားတဲ့ သူမရဲ့ပုံရိပ်လေးတွေကို အိမ်စည်လေးက ပရိသတ်တွေကို ဝေမျှထားတာပါ..။

အဲ့ဒီပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေကလည်း သူမရဲ့ပုံရိပ်လေးတွေကို သဘောကျနေကြတဲ့အကြောင်းလေးတွေအပြင် အားပေးချစ်ခင်နေကြကြောင်းလေးတွေကိုလည်း ပြောထားကြပါတယ်နော်..။

Photo Credit - Shwe Eain Si's Fb Page
Photo Credit - Shwe Eain Si's Fb Page

Source & Photo Credit - Shwe Eain Si's Fb Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။