ကျော့ရှင်းလှပတဲ့ အလှတရားတွေကို ရရှိပိုင်ဆိုင်ထားသူကတော့ သရုပ်ဆောင် မင်းသမီးချောလေး ပိုးမမှီသာပဲ ဖြစ်ပါတယ်။ သူမဟာ ပြည်သူတွေရဲ့ ကျန်းမာရေးအတွက် စောင့်ရှောက်မှုတွေ တာဝန်ယူပေးနေတဲ့ ဆရာဝန်မလေးတစ်ယောက်လည်း ဖြစ်ပြီး အနုပညာအလုပ်တွေကိုပါ တွဲဖက်လုပ်ကိုင်နေသူ ထက်မြက်တဲ့ အမျိုးသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။ 

Photo credit - Poe Mamhe That's Facebook Page
Photo credit - Poe Mamhe That's Facebook Page

တည်ကြည်တဲ့ ပုံစံလေးကြောင့်လည်း ပရိသတ်တွေရဲ့ တစ်ခဲနက် ချစ်ခင်အားပေးခြင်းကို ရရှိထားတာလည်း ဖြစ်ပါတယ်။  သူမဟာ ပိတောက်ကတဲ့ ဂီတဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးမှာ ပိုးမဒီဆိုတဲ့ ကာရိုက်တာနေရာကနေ ပါဝင်သရုပ်ဆောင်ထားတာပဲဖြစ်ပြီး ဒီဇာတ်ကားကြီးဟာ သူမရဲ့ ပထမဆုံး ရုံတင်ဇာတ်ကားကြီးပဲ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဒီဇာတ်ကားထဲက သူမရဲ့ ကာရိုက်တာလေးကို သဘောကျ နှစ်သက်နေကြတာလည်း ဖြစ်ပါတယ်။ 

Photo credit - Poe Mamhe That's Facebook Page
Photo credit - Poe Mamhe That's Facebook Page

လတ်တလောမှာတော့ ပိုးတစ်ယောက် အနုပညာအလုပ်တွေ သိပ်မရှိသေးဘဲ ဓာတ်ပုံလေးတွေကိုတော့ သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှ တစ်ဆင့် ဝေမျှပေးနေတာလည်း ဖြစ်ပါတယ်။  ယနေ့မှာလည်း "  မနှစ်ကတော့ဒီချိန်လှလှလေးဝတ်ပြီးပွဲတွေသွားနေလေရဲ့ဒီနှစ်လည်းလှလှလေးဝတ်ပြီး ၇ နှစ်တောင်သင်ခဲ့တဲ့ဘွဲ့ယူရတော့မယ်လို့အများကြီးမျှော်လင့်ခဲ့တာ ဆက်ပြီးမျှော်လင့်ရမှာလား မမျှော်လင့်ရဘူးလား " ဆိုတဲ့ စာသားလေးအပြင် မြန်မာဝတ်စုံလေးနဲ့ ကျက်သရေရှိလှတဲ့ ပုံလေးတွေကို တင်ပေးလာတာကြောင့် ပရိသတ်တွေထံ ပြန်လည်ဝေမျှပေးလိုက်ပါတယ်......။

Photo credit - Poe Mamhe That's Facebook Page
Photo credit - Poe Mamhe That's Facebook Page

Photo credit - Poe Mamhe That's Facebook Page

Source - Poe Mamhe That's Facebook Page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။