အမိုက်စားတေးသီချင်းကောင်းတွေနဲ့ သီ‌ဆိုဖျော်ဖြေတတ်တဲ့အဆိုတော်တစ်ယောက်ဖြစ်တဲ့အပြင် နာမည်ကျော်သရုပ်ဆောင်တစ်ဦးလည်းဖြစ်တဲ့ စိုင်းစိုင်းခမ်းလှိုင်ကိုသိကြမယ်ထင်ပါတယ်နော်။အနုပညာလောကမှာနှစ်ပေါင်းအတော်ကြာရပ်တည်အောင်မြင်နေတဲ့သူဖြစ်ပြီး ပရိသတ်အများစုရဲ့ချစ်ခင်အားပေးမှုကိုရရှိထားတဲ့ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပါ။

Photo Credit : Sai Sai Kham Leng Facebook Page
Photo Credit : Sai Sai Kham Leng Facebook Page

ခေတ်မှီနုပျိုပြီး စမတ်ကျကျနေတတ်တာကလည်း စိုင်းရဲ့ဆွဲဆောင်မှုရှိတဲ့အချက်တစ်ခုလည်း ဖြစ်ပါတယ်။ မမအရွယ်တွေကစလို့ ဆယ်ကျော်သက်အရွယ် နှုတ်ခမ်းနီမလေးတွေတော်တော်များများရဲ့အားပေးမှုရရှိထားတဲ့ သူလည်းဖြစ်ပါတယ်။အဘက်ဘက်က အပြစ်ပြောစရာမရှိအောင် စိုင်းက ထူးချွန်ထက်မြက်တာကြောင့်လည်း ယနေ့တိုင် နာမည်ကိုထိန်းထားနိုင်တဲ့သူ ဖြစ်ပါတယ်။

Photo Credit : Sai Sai Kham Leng Facebook Page
Photo Credit : Sai Sai Kham Leng Facebook Page

လတ်တလောမှာတော့ သူရဲ့ဗီဒီယိုအဟောင်းတွေကို Live ပြန်လုပ်ကာအသုံးချပြီး လိမ်ရန်ကြိုးစားနေသူတွေရှိကြောင်းကို " Page အတုလုပ်ပါတယ်Video အဟောင်းတွေနဲ့ Live အတုလုပ်ပါတယ် ဘာလိမ်မလို့လဲမသိပါဘူးချစ်ပရိသတ်များ အလိမ်မခံရစေရန်အထူးသတိပြုရန် "ဆိုတဲ့စာလေးနဲ့အတူ ပုံလေးတွေနဲ့တကွ ဖော်ပြထားရာ ပရိသတ်ကြီးလည်း သတိပြုနိုင်စေရန် ပြန်လည်မျှဝေပေးလိုက်ပါတယ် 

Photo Credit : Sai Sai Kham Leng Facebook Page
Photo Credit : Sai Sai Kham Leng Facebook Page

Source & Photo Credit : Sai Sai Kham Leng Facebook Page 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။