ချစ်ပရိသတ်ကြီးရေ လတ်တလော လူမှုကွန်ယက်ထက်မှာ လူစိတ်ဝင်စားမှု မြင့်တက်နေတဲ့ သံသာမိုးသိမ့်ရဲ့ အချစ်ရေးအကြောင်းကို သူမကိုယ်တိုင် ဖြေရှင်းလိုက်ပါပြီနော်။ သံသာက MRTV-4ရဲ့ ဇာတ်လမ်းတွဲတွေမှာ အဓိက ဇာတ်ဆောင်တစ်​ယောက်အနေနဲ့ ပါဝင်ရိုက်ကူးနေသူဖြစ်လို့ ပရိသတ်အားပေးမှုအခိုင်အမာလဲ ရရှိထားတာပါ။ ယခုလို မဟုတ်မမှန်တဲ့ သတင်းတဲ့ ထွက်ပေါ်နေတဲ့အပေါ် သူမက ပြန်လည်ဖြေရှင်းထားတာပါ။

Photo credit - Than Thar Moe Theint's Facebook Account
Photo credit - Than Thar Moe Theint's Facebook Account

ဒါကတော့ " သံသာပရိသတ်တွေရှင်းစေချင်လို့ရှင်းပေးလိုက်ပါတယ်နော် .. သံသာကတော့ ရှင်းဖို့စိတ်ကူးလည်းမရှိလို့မရှင်းဘူးလုပ်ပေမယ့် အိမ်ကိုဖုန်းတွေဆက်ငိုကြတော့ သံသာလည်းစိတ်မကောင်းပါဘူးနော် .. အားလုံးထင်နေသလိုလည်းမဟုတ်တဲ့အပြင် ဖုံးကွယ်ထားစရာလည်းမရှိတာမို့လို့ ရဲရဲဝင့်ဝင့်ကိုရှင်းပေးတာပါနော်.. သံသာကအပြင်စီးပွားရေးလည်းလုပ်တာမို့ သံသာမှာမိတ်ဆွေအပေါင်းသင်းများပါတယ်

Photo credit - Than Thar Moe Theint's Facebook Account
Photo credit - Than Thar Moe Theint's Facebook Account

တူတူထိုင်နေတာနဲ့ ကြိုက်နေပါတယ်ဆိုရင်တော့သက်သေဆိုတာမလုံလောက်ရင်ငပေါဖြစ်တက်ပါတယ်လို့ engagement တွေနဲနဲကျနေတဲ့အချိန် ပရိသတ်စိတ်ဝင်စားအောင်လုပ်ပေးတာအတွက်ကတော့ ကျေးဇူးတအားတင်ပါတယ် " ဆိုပြီး သူမရဲ့ လူမှုကွန်ယက် ဖေ့ဘွတ်အကောင့်မှာ တင်ပေးလာတာကြောင့် ချစ်ပရိသတ်တွေ ဖတ်ရှုစေရန်အတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

Photo credit - Than Thar Moe Theint's Facebook Account
Photo credit - Than Thar Moe Theint's Facebook Account

Source & Photo credit - Than Thar Moe Theint's Facebook Account 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။