အက်ရှင်မင်းသားကြီး အောင်ပိုင် နဲ့ ကြာစိ တို့ကို ကြော်ငြာခေါ်ရိုက်ပြီးတဲ့အခါမှာ အစဥ်အလာမပျက် ဂါဝရပြုကန်တော့ခဲ့တဲ့ ဖြူဖြူထွေး

//s9.kh1.co/76/76a2aa74228e15095edb2ad04b589d789117c2f7.jpg
အနုပညာရှင်များ

 ၀၂-ဒီ-၂၀၂၀ ၆pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို အချိန်အတိုတွင်း အပြည့်အဝရရှိခဲ့တဲ့ ဆယ်လီမင်းသမီးချောကတော့ ဖြူဖြူထွေးပဲ ဖြစ်ပါတယ်။ ဖြူဖြူထွေးက ပရိသတ်တွေရဲ့ အချစ်တွေကိုရရှိဖို့အတွက် ဝေဖန်မှု့တွေနဲ့ အခက်အခဲတွေကြားထဲကနေ ကြိုးစားလာခဲ့သူပဲဖြစ်ပါတယ်။ လက်ရှိမှာတော့ သူမဟာ ပရိသတ်တွေနဲ့ ဝါရင့် အနုပညာရှင်တွေက လေးစားချစ်ခင်ရတဲ့ သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit - Phyu Phyu Htwe fb account
Photo Credit - Phyu Phyu Htwe fb account
Photo Credit - Phyu Phyu Htwe fb account
Photo Credit - Phyu Phyu Htwe fb account

ဖြူဖြူထွေးက ရိုးသားဖြူစင်တဲ့ စိတ်ထားလေးရှိပြီး အလှူအတန်းတွေကိုလည်း လက်မနှေးပဲရက်ရက်ရောရော လှူဒါန်းပေးတတ်တာကို တွေ့ရပါတယ်။ ယနေ့အချိန်မှာလည်း ဖြူဖြူထွေးက ကြော်ငြာတွေနဲ့ ရုပ်ရှင်ဇာတ်ကားတွေကိုလည်း ဆက်တိုက်ရိုက်ကူးနေရတာ တွေ့ရပါတယ်။ ယခုမှာတော့ ဖြူဖြူထွေးက ပရိသတ်ကြည်နူးစေမယ့် ပုံလေးတွေကို တင်ပေးလာခဲ့ပါတယ်။

Photo Credit - Phyu Phyu Htwe fb account
Photo Credit - Phyu Phyu Htwe fb account
Photo Credit - Phyu Phyu Htwe fb account
Photo Credit - Phyu Phyu Htwe fb account

ဒီပုံလေးတွေကတော့ ဖြူဖြူထွေးက ဝါရင့်သရုပ်ဆောင်တွေဖြစ်တဲ့ အက်ရှင်မင်းသားကြီးအောင်ပိုင် ၊ ဟာသ သရုပ်ဆောင် ကြာစိတို့အပြင် အခြားသရုပ်ဆောင်တွေနဲ့ ကြော်ငြာခေါ်ရိုက်ပြီးတဲ့အချိန်လေးမှာ သူမက ငွေကြေးအပြင် စာသောက်စရာ ဆန်တို့ကို ကန်တော့ခဲ့တာ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ဖြူဖြူထွေးရဲ့ ဂါဝရပြုကန်တော့ခဲ့တဲ့ ကြည်နူးစရာပုံလေးတွေကို သဘောကျမယ်လို့မျှော်လင့်မိပါတယ်။

သတင်း အရင်းအမြစ်Source - Phyu Phyu Htwe fb account

Thant Zin Aung
Thant Zin

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T