တန်ဖိုးမဖြတ်နိုင်တဲ့ အရမ်းချစ်ရတဲ့မိသားစုလေးနဲ့အတူအချိန်ကုန်‌ဆုံးရင်း ပျော်ရွှင်ကြည်နူးဖွယ်ရာအတိဖြစ်နေတဲ့ ထွန်းအိန္ဒြာဗိုလ်

//s9.kh1.co/11/11b5a3b41ab47345a4660e3662932c18d94a244e.jpg
အနုပညာရှင်များ

 ၀၂-ဒီ-၂၀၂၀ ၇pm · လွန်ခဲ့သော ၃ နှစ် က

.

ပရိသတ်တွေရဲ့အချစ်ကိုအပြည့်အဝသိမ်းပိုက်ထားကြတဲ့ ပြည်သူချစ်ဝါရင့်အနုပညာရှင်ကြီးများထဲတွင် ထွန်းအိန္ဒြာဗိုလ်လည်းအပါအဝင်ဖြစ်ပါတယ်နော်။ သူမဟာနှောင်းတမြေ့မြေ့၊အမေ့နို့ဖိုး၊မိုးကုတ်စက်ဝိုင်းကိုကျော်လွန်၍စတဲ့ရုပ်ရှင်ကားကြီးတွေနဲ့ အကယ်ဒမီထူးချွန်ဆုတွေကို ထိုက်ထိုက်တန်တန်ရရှိခဲ့တာဖြစ်ပါတယ်။ ဒါ့ပြင်သူမဟာ သရုပ်ဆောင်တစ်ယောက်အနေနဲ့အောင်မြင်မှုတွေရရှိခဲ့ရုံသာမက အဆိုတော်တစ်ယောက်အနေနဲ့လည်း အောင်မြင်မှုများစွာရရှိခဲ့ပြီးတော့ တစ်ကိုယ်တော်အယ်လ်ဘမ်တွေကိုလည်းထုတ်လုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

https://s9.kh1.co/__image/w=650,h=488,q=100/e3/e3127558222791cc07fd2f5b2878692ff1e692d1.jpg
https://s9.kh1.co/__image/w=650,h=676,q=100/aa/aacb5ff97a748660838d0355e77e476d5746e733.jpg

ထွန်းအိန္ဒြာဗိုလ်ဟာ မိသားစုကိုလည်းအချိန်ပေးတဲ့သူဖြစ်ပြီး သားငယ်လေးနဲ့လည်းပျော်ပျော်ပါးပါးနေတတ်တဲ့သူပါ။ သားလေးဟာလည်း လိမ္မာရေးခြားရှိတဲ့သူလေးလည်းဖြစ်ပြီးတော့ Golfရိုက်ကျွမ်းကျင်တဲ့သူလည်း ဖြစ်တာကြောင့် မေမေအမြဲဂုဏ်ယူနေရတဲ့ သားလေးတစ်ယောက်ပါနော် ....။

https://s9.kh1.co/__image/w=650,h=488,q=100/6a/6ac655e6ae94e87a32baaaf192559cd3a1945d1f.jpg
https://s9.kh1.co/__image/w=650,h=488,q=100/30/30e17617e5638a57934abfb0f466c037a205c89b.jpg

အခုဆိုရင်လည်းထွန်းအိန္ဒြာဗိုလ်ဟာ သူမရဲ့အားလပ်ချိန်လေးကို မိသားစုကိုအချိန်ပေးကာ ပျော်ရွှင်နေတာဖြစ်ပါတယ်။ သူမတို့မိသားစုသုံးယောက်ရဲ့ ပျော်ရွှင်စရာပုံရိပ်လေးတွေကို မကြာသေးမီက သူမရဲ့ Facebookစာမျက်နှာမှာ " Sweet December To you all" ဆိုတဲ့ captionလေးနဲ့ တင်ပေးခဲ့ပါတယ်။ ကဲ......ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

https://s9.kh1.co/__image/w=650,h=488,q=100/6a/6ac655e6ae94e87a32baaaf192559cd3a1945d1f.jpg
https://s9.kh1.co/__image/w=650,h=488,q=100/02/02c21389094de2395e0b494fe71c7e3e856e7046.jpg

သတင်း အရင်းအမြစ်Htun Eaindra Bo's Facebook page

Hnin Yee Ywal
Ywal

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T